ပါကစ္စတန်က ရေဘေးဒဏ် အကြောင်းပြပြီး နိုင်ငံတကာ အကူအညီ တောင်းခံရန် ကြိုးပမ်း

By Alarabiya Post
01 October 2022
ပါကစ္စတန်က ရေဘေးဒဏ် အကြောင်းပြပြီး နိုင်ငံတကာ အကူအညီ တောင်းခံရန် ကြိုးပမ်း

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အကျပ်အတည်းတစ်ခု၏ ဖိစီးမှုဒဏ်ခံရကြောင်း ပါကစ္စတန်က ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ကြေညာနေခြင်းက နိုင်ငံတကာ အေဂျင်စီများထံမှ ငွေကြေးများကို နှိုက်ထုတ်ရယူနိုင်ရန် အသုံးပြုသည့် လှည့်ကွက်သစ်တစ်ခုပင် ဖြစ်သည်။

ပါကစ္စတန်သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုကို ပျံ့နှံ့စေသည့် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း ‘အကြမ်းဖက်ဝါဒ၏ ဖိစီးမှုဒဏ်ခံရသော နိုင်ငံ’ ဖြစ်နေသည်ဟု အကြောင်းပြပြီး ဘီလီယံနှင့်ချီသော ဒေါ်လာငွေများနှင့် လိုက်လျောချက်များကို ယခင်က ရယူထားခဲ့သည်။

လက်ရှိအချိန်တွင် ပါကစ္စတန်သည် ဂီဂစ် ဘောလ်တီစတန်ကဲ့သို့ ထိခိုက်လွယ်သော ဧရိယာများတွင် ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်ထားခဲ့သည့်အတွက် မြင့်မားသော ဟိမဝန္တာတောင်တန်းများတွင် မြစ်ချောင်းများ ပိတ်ဆို့ခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်မှုနှုန်း မြင့်တက်ခြင်းတို့ကို ဖြစ်စေခဲ့သလို ကရာချိကဲ့သို့ မြို့ပြဆိုင်ရာ မနှစ်မြို့စရာ အခြေအနေတို့ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

 အထူးသဖြင့် ဆင်းဒ်နှင့် ဘာလိုချီစတန် ပြည်နယ်တို့ အပါအဝင် ပါကစ္စတန်၏ နေရာဒေသအများအပြား၌ ရေကြီးမှုဒဏ်ခံခဲ့ရပြီးနောက် ပါကစ္စတန်တာဝန်ရှိသူများသည် ထိခိုက်ဆုံးရှုံးမှုများအတွက် ချမ်းသာသော နိုင်ငံများထံမှ ငွေကြေးအကူအညီ တောင်းခံရန် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းနှင့် ရုတ်တရက် ကျရောက်သော ရေကြီးမှုများနှင့်ပတ်သက်သည့် ဇာတ်ညွှန်းတစ်ခုကို ဖန်တီးရင်း အလုပ်များ နေသည်။

ရာသီဥတု အကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ထိုအကျပ်အတည်း၏ အကျိုးဆက်များကို မည်သည့်နိုင်ငံမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ အခြားသော နိုင်ငံအများအပြားကဲ့သို့ပင် ပါကစ္စတန်သည်လည်း ယင်းကဲ့သို့ စိန်ခေါ်မှုများနှင့် တွေ့ကြုံရခြင်း ဖြစ်သည်။

ကမ္ဘာတွင် ပါကစ္စတန်၏ ရေကြီးမှုဖြစ်စဉ်ကဲ့သို့ ရာသီဥတုနှင့် ဆက်နွယ်သည့် သဘာဝဘေးဒုက္ခဆိုးများ ဖြစ်ပွားမှုက ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ငါးဆ ပိုမို မြင့်တက်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၁၁၅ ဦး သေဆုံးနေကြောင်း ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးက မကြာသေးခင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly