တရုတ်၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများက အနောက်နိုင်ငံများကို မျက်ကွယ်ပြုနိုင်

တရုတ်၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများက အနောက်နိုင်ငံများကို မျက်ကွယ်ပြုနိုင်

မကြာသေးမီက ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီ၏ ခရီးစဉ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက  တရုတ်ကို ပံ့ပိုးကူညီလာခြင်းသည် ဒေသတွင်း ပြောင်းလဲနေသော နိုင်ငံရေးအရပေါင်းစည်းမှုကို ထင်ဟပ်စေသည် ဟု ဥရောပအာရှဖောင်ဒေးရှင်းကဖော်ပြလိုက်သည်။

တရုတ်၏အရှိန်အဟုန်ဖြင့်သြဇာကြီးထွားလာမှုသည်ဒေသတွင်းကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကဲ့သို့သော စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုမှ အစပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်စေကြောင်း လန်ဒန်အခြေစိုက်ဖိုရမ်တွင် ဖော်ပြချက်တွင် ပါရှိသည်။

ယင်း၏သြဇာအာဏာကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မှတစ်ဆင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြင့်နိုင်ငံများနှင့် တိတ်တဆိတ် ဆက်ဆံခဲ့သည်။

ယင်းကြိုးပမ်းမှုတွင် တရုတ်ကို အားဖြည့်ပေးခဲ့သည့်အရာမှာ အနောက်အာရှနိုင်ငံများနှင့် အမေရိကန်တို့၏ သဘောထားကွဲလွဲမှုကိုအခွင့်ကောင်းယူပြီးတရုတ်ကဒေသတွင်းထိတွေ့ဆက်ဆံမှုကိုနက်ရှိုင်းစေခဲ့ခြင်းဖြစ်သည်။

“အရှေ့အလယ်ပိုင်းမှာတရုတ်ရဲ့စိတ်ဝင်စားမှုကအဓိကအားဖြင့်စီးပွားရေးအပြင်စွမ်းအင်ထောက်ပံ့မှုတွေလုံခြုံ စေရေးအတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုက ပိုပြီးမဟာဗျူဟာမြောက်တဲ့ အာရုံစိုက်မှုတစ်ခုအဖြစ် ပြောင်းလဲ လာနေပါတယ်”ဟုလန်ဒန်အခြေစိုက်ဖိုရမ်တွင်ဖော်ပြထားသည်။

တရုတ်က၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ၃၃၀ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီးဒေသတွင်း ကုန်သွယ်မှုကို လွှမ်းမိုးချုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယင်း၏ကုန်သွယ်မှုအမယ်စုံရေးများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ခုနှစ်တွင်လည်းအလားတူပင်ဖြစ်သည်။

ဘာရိန်း၊ဆော်ဒီအာရေဗျ၊ကူဝိတ်နှင့်အိုမန်အပါအဝင်ပင်လယ်ကွေ့နိုင်ငံအများအပြားမှကိုယ်စားလှယ်များသည် တရုတ်ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ကျန်းစုပြည်နယ်သို့သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်ဆက်တိုက်တွေ့ဆုံခဲ့ကြသည်။

အမေရိကန်ကကန့်ကွက်နေသော်လည်းပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင်ပင်လယ်ကွေ့နိုင်ငံများပါဝင်မှုက တရုတ်၏သံတမန်ရေးစွမ်းရည်ကို ဖော်ပြနေသည်။

တရုတ်ကအရှေ့အလယ်ပိုင်းစီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းသစ်များကိုပေးနေပြီးဒေသတွင်းနိုင်ငံ များနှင့်ဆက်ဆံရေးကိုနက်ရှိုင်းစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required