တီအန်မင်ရင်ပြင်တင့်ကားနှင့်ဆင်တူသည့် ကိတ်မုန့်ကိုတားမြစ်ခံရ ပြီးနောက်ပျောက်ကွယ်နေသည့်  တရုတ်၏ နှုတ်ခမ်းနီဘုရင် ပြန်ပေါ်လာ

တီအန်မင်ရင်ပြင်တင့်ကားနှင့်ဆင်တူသည့် ကိတ်မုန့်ကိုတားမြစ်ခံရ ပြီးနောက်ပျောက်ကွယ်နေသည့်  တရုတ်၏ နှုတ်ခမ်းနီဘုရင် ပြန်ပေါ်လာ

တရုတ်တွင် ဆင်ဆာဖြတ်ခံထားရသော ထိပ်တန်းအွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ရောင်းချသူလီကျားချီသည် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပြန်ပေါ်လာပြီဖြစ်ကြောင်းမီဒီယာများကဖော်ပြလိုက်သည်။

စက်တင်ဘာ၂၀ရက်ညတွင်လီကျားချီသည်အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး၏တိုက်ရိုက်ထုတ်လွှင့်သည့်နေရာဖြစ်သော Alibaba ၏Taobao Live တွင်ပြန်ပေါ်လာခဲ့ကြောင်း CNN သတင်းဌာနကဖော်ပြခဲ့သည်။

အချိန်တိုတိုလေးအတွင်းသူ၏ပြပွဲသည်ကြည့်ရှုသူထောင်ပေါင်းများစွာကိုမိနစ်အနည်းငယ်အတွင်းချက်ချင်းဆွဲ ဆောင်နိုင်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း၎င်း၏ဆိုရှယ်မီဒီယာအကောင့်များတွင်ကြိုတင်သတိပေးခဲ့ခြင်းလည်းမရှိပေ။

ပွဲစသည်နှင့်ကြည့်ရှုသူအရေအတွက်ချက်ချင်းများလာခဲ့သည်။

၂နာရီကြာအပြီးတွင်၎င်း၏တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုသူ၆၃သန်းရှိခဲ့ပြီးယခင်ပြသမှုများထက်ပိုမိုများပြားခဲ့သည်။

အသက်၃၀အရွယ်လီသည်တစ်ချိန်ကတရုတ်၏နာမည်အကြီးဆုံးအင်တာနက်နာမည်ကျော်များထဲမှတစ်ဦးဖြစ်ပြီး Alibaba ၏Taobaoတွင်နောက်လိုက်၆၄သန်းရှိခဲ့သည်။

 Alibaba တည်ထောင်သူဂျက်မားနှင့်ယှဉ်ပြိုင်မှုတွင်၅မိနစ်အတွင်းနှုတ်ခမ်းနီ၁၅၀ဝ၀ရောင်းချခဲ့သဖြင့်၎င်းသည် "တရုတ်နှုတ်ခမ်းနီဘုရင်" ဟူသောအမည်ပြောင်ကိုရရှိခဲ့သည်။

ဇွန် ၄ ရက် တီအန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်နေ့မတိုင်မီတွင် ဗြိတိန်အမှတ်တံဆိပ် Wall ၏ တင့်ကားပုံသဏ္ဍာန်နှင့် တူသော Viennettaရေခဲမုန့်တစ်ပန်းကန်ကို သူနှင့် တွဲဖက်တင်ဆက်သူက ပရိသတ် အား တင်ဆက်ပြီးနောက် တရုတ်ထိပ်တန်းအွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်သူ လီကျားချီကို တရုတ်အစိုးရက ဆင်ဆာပိတ်ခဲ့သည်။

ရေခဲမုန့်အလွှာ၏ ဘေးဘက်များကို Oreo ကွတ်ကီးများဖြင့် အလှဆင်ထားပြီး ထိပ်ပိုင်းတွင်တင့်ကားနှင့် တူ သည့် ချောကလက်လုံးနှင့် ချောကလက်တစ်ချောင်းကို ပရိတ်သတ်များကို တင်ဆက်ပြသခဲ့သည့် လီ၏ တင်ဆက်မှု  ဇွန်လ ၃ရက်တွင် ရုတ်တရတ်အဆုံးသတ်သွားခဲ့သည်။ 

လီ၏ လူငယ်ပရိသတ်အများစုသည် ၎င်း၏ ပြပွဲရုတ်တရက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပဟေဋ္ဌိဖြစ်ခဲ့ရသည်။

အထူးသဖြင့် ဇွန်လ ၄ ရက်နှစ်ပတ်လည်နေ့ကာလတွင် တရုတ်အစိုးရက တီအန်မင်ရင်ပြင်ဆန္ဒပွဲများ သွေးထွက်သံယို စစ်တပ်ဖြင့် ဖြိုးခွင်းမှု အမှတ်တရအားလုံးကို ဖျောက်ဖျက်ရန် ဆယ်စုနှစ်များစွာ ကြိုးပမ်း ခဲ့သည်။
 တီယန်မင်ရင်ပြင်ဖြိုခွင်းမှုအတွင်းနာမည်ကျော်တင့်ကားလူသားတစ်ဦးသည်စစ်တပ်တစ်တပ်ရှေ့တွင်ခိုင်မာစွာရပ်နေခဲ့သဖြင့်ယင်းပုံရိပ်သည်၂၀ရာစု၏အထင်ကရသင်္ကေတများထဲမှတစ်ခုဖြစ်လာခဲ့သည်။
 
ကျွမ်းကျင်သူများအဆိုအရတင့်ကားပုံသဏ္ဍာန်သည်တရုတ်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ဆက်နွယ်နေသည့်အထင်ကရသင်္ကေတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required