ရက်ပေါင်း ၆၀၁ရက်မြောက် ဆက်လက်ချီတက်နေသည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

ရက်ပေါင်း ၆၀၁ရက်မြောက် ဆက်လက်ချီတက်နေသည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

စက်တင်ဘာလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၀၁ မြောက်အဖြစ် စက်တင်ဘာလ ၃၀ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

“Accept NUG & Our ambassador, Reject Dictator” စာတန်းအားကိုင်စွဲပြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးကို ထောက်ခံကြောင်း နှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly