တရုတ်က သဘာဝရင်းမြစ်များအပေါ် အမြတ်ထုတ်နေသောကြောင့် တိဗက်အခွင့်အရေးအဖွဲ့များက ရာသီဥတု အကျပ်အတည်းပြဿနာများ တင်ပြ

တရုတ်က သဘာဝရင်းမြစ်များအပေါ် အမြတ်ထုတ်နေသောကြောင့် တိဗက်အခွင့်အရေးအဖွဲ့များက ရာသီဥတု အကျပ်အတည်းပြဿနာများ တင်ပြ

ကုလသမဂ္ဂရာသီဥတုညီလာခံ COP27မတိုင်မီတွင် တိဗက်အခွင့်အရေးအဖွဲ့များက ကြွယ်ဝသော သဘာဝရင်းမြစ်များအပေါ် တရုတ်၏ အမြတ်ထုတ်အသုံးချမှုကြောင့် ဖြစ်ပေါ်လာသော ရာသီဥတ ုပြောင်းလဲမှုပြဿနာများကို အိတ်ဖွင့်ပေးစာဖြင့် ကမ္ဘာ့ခေါင်းဆောင်များထံ  တင်ပြလိုက်သည်။
 
ကမ္ဘာ့နိုင်ငံများသည် လာမည့် ကုလသမဂ္ဂရာသီဥတုညီလာခံ COP27 တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် လျော့ပါးရေးတို့ကို ဆွေးနွေးကာ အရေးယူလုပ်ဆောင်မှု အရှိန်မြှင့်မည်ဖြစ်သောကြောင့် တိဗက်ရာသီဥတု အကျပ်အတည်းကို ဆွေးနွေးရန် အရေးကြီးကြောင်း ဂျော့စ်နာဂျာယာရမ်နှင့် တန်ဇင်းဆီ တန်တို့က Tibet Rights Collectiveတို့တွင် ရေးသားထားသည်။

တိဗက်ကို သိမ်းပိုက်အုပ်ချုပ်၍ ၎င်း၏ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို အသုံးချရန် ကြိုးပမ်းမှုရာတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် သန့်ရှင်းသန့်ပြန်သော သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေပြီး
တိဗက်တွင် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် တိဗက်လူမျိုးများအပေါ်သာမက မြစ်အောက်ပိုင်းနေထိုင်သူများအပေါ်ပါ သက်ရောက်မှုရှိနေသည်။

 တိဗက်၏ မြေယာနှင့် သဘာဝအရင်းအမြစ်များအပေါ် တရုတ်နိုင်ငံ၏ အမြတ်ထုတ်မှုသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ အရှိန်မြှင့်လာခဲ့သည်။ တိဗက်တွင် သတ္တုတူးဖော်ခြင်း၊ ရေကာတာတည်ဆောက်ခြင်းနှင့် သစ်တောပြုန်းတီးခြင်းများလည်း များပြားလာသည်။ 

“ဖွံ့ဖြိုးတိုးတက်ဆဲတိဗက်” ဟူသောအမည်အောက်၌ CCP သည် နှစ်မျိုးသုံးအခြေခံအဆောက်အအုံများကို တည်ဆောက်နေပြီး ရလဒ်အနေဖြင့် ဒေသတွင်းတွင် လေထုညစ်ညမ်းမှုတိုးလာကြောင်းTibet Rights Collective ၌ဖော်ပြထားသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေး ဟူသော အကြောင်းပြချက်အောက်၌ တရုတ်က တိဗက်များအား ဘိုးဘွားပိုင် စားကျက်မြေများမှ မြို့ပြနေရာများသို့ ရွှေ့ပြောင်းရန် ဖိအားပေးနေမှုကြောင့် တိဗက်ရွှေ့ပြောင်းများ၏ အစဉ်အလာယဉ်ကျေးမှုနှင့် လူနေမှုပုံစံသည် ခြိမ်းခြောက်ခံနေရသည်။

 တိဗက်ရေခဲမြစ်များ၏ အရည်ပျော်နှုန်းကလည်း စိုးရိမ်စရာဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD) ၏ အစီရင်ခံစာအရ ရာသီဥတုအကျပ်အတည်းသည် ရေခဲမြစ်ဒေသ၏ အနည်းဆုံး ၃ ပုံ ၁ ပုံကို အရည်ပျော်စေလိမ့်မည်ဟု ဆိုသည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် သက်ဆိုင်သူများက ၂၀၂၂ ခုနှစ်နို၀င်ဘာလတွင် အီဂျစ်၌ရာသီဥတုညီလာခံ COP27 ကျင်းပမည်ဖြစ်ကာတိဗက်များက ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် တိဗက်များ၏ အသံကို နားထောင်ရန်၊ တိဗက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း၏ အရေးပါမှုကို သိရှိနားလည်စေရန်နှင့် ရာသီဥတု အကျပ်အတည်းအတွက် တရုတ်ကွန်မြူနစ်ပါတီကို တာဝန်ယူစေရေးလုပ်ဆောင်ရန် Tibet Rights Collective က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required