ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၀၈ ရက်မြောက် ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၀၈ ရက်မြောက် ချီတက်ဆန္ဒပြ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေမတည်ငြိမ်မှုများကြားမှ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းတွင် "အညာရဲ့သွေး သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး"ဘန်နာနှင့် "Accept NUG and Our Ambassador, Reject Dictator" ဘန်နာကိုကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၀၈ ရက်မြောက် နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။

 

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required