ကိုဝေမိုးနိုင် ၂၇ နှစ်ပြည့်မွေးနေ့အထိမ်းမှတ် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒထုတ်ဖော်

ကိုဝေမိုးနိုင် ၂၇ နှစ်ပြည့်မွေးနေ့အထိမ်းမှတ် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒထုတ်ဖော်

မဇ္ဈိမ ။ ။ မုံရွာပင်မသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်၏ ၂၇ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် စစ်ကြောင်းသည် ချီတက်ဆန္ဒပြခဲ့ကြသည်။

“Accept NUG and Our Ambassador, Reject Dictator” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေး ချီတက်ဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မုံရွာပင်မသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်ဖွဲ့မှ ဧပြီ ၁၅ ရက်တွင် ကားဖြင့်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် အမှု ခုနစ်မှုခန့်ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုထားသည်။

" အရေးကြီးတာက ဘယ်သူပါသွားပြီ၊ ဘယ်ဝါပါသွားပြီဆိုပြီး နွေဦးတော်လှန်ရေးအပေါ်မှာထားတဲ့ ကျနော်တို့တွေရဲ့ ယုံကြည်တဲ့ မျှော်လင့်ချက်တွေကို လွယ်လွယ်ကူကူ လွှတ်မချဖို့ပါပဲ" ဟု လက်ပံတောင်းတောင်ဒေသသပိတ်ဦးဆောင်သူက ပြောဆိုခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required