“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုသည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုသည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၉၇ မြောက်အဖြစ် စက်တင်ဘာလ ၂၆ရက် ယနေ့တွင် ဆက်လက်ဆန္ဒပြသည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအား ဆန့်ကျင့်သောအားဖြင့် "“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းအား ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။

ပင်မသပိတ်စစ်ကြောင်းအနေဖြင့် မိဘပြည်သူများအား စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများကို အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်မခံဘဲ ၊ လမ်းမပေါ်သို့တက်ကာ အလံနှင့် အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနိုးဆော်ထားသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required