မန္တလေးမြို့တွင် ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လမ်းပေါ်ထွက်လှုပ်ရှားမှုပြုလုပ်

မန္တလေးမြို့တွင် ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လမ်းပေါ်ထွက်လှုပ်ရှားမှုပြုလုပ်

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးတင်းကျပ်စွာ ချထားသည့်ကြားက စစ်ကောင်စီပြုတ်ကျရေး ဆန္ဒပြလှုပ်ရှားမှုကို မန္တလေးသံဃသမဂ္ဂနှင့် မန္တလေးသပိတ်အင်အားစုတို့ ပူးပေါင်းပြီး ယနေ့ညနေပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ညသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက မိန့်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ပြည်သူလူထု၏ အထွေထွေအခက်အခဲများအတွက် ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလှည့်လည်ကြသည့် သံဃာတော်များအား ထိုစဉ်က အရပ်သားအယောင်ဆောင် စစ်တပ်ကျောထောက်နောက်ခံအစိုးရ(နအဖ)က အကြမ်းဖက် သတ်ဖြတ်ခဲ့ကြ သည်။

ထိုအကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့်အားဖြင့် သံဃာထုတစ်ရပ်လုံးက ပတ္တနိက္ကုဇ္စျနကံဆောင်ကာ စစ်တပ်ကျောထောက်နောက်ခံ အစိုးရကို သပိတ်မှောက် ကံဆောင်ခဲ့ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးတချို့တို့တွင် ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနားများအား နှစ်စဉ်စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required