လူငယ်များသမဂ္ဂ-ဗဟိုမှ လက်ယက်ကုန်းက ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်

လူငယ်များသမဂ္ဂ-ဗဟိုမှ လက်ယက်ကုန်းက ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်

မဇ္ဈိမ ။ ။ စစ်တိုင်းကိုင်း၊ ဒီပဲယင်းမြို့နယ် ၊လက်ယက်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းအား စစ်ကောင်စီတပ်က ပစ်မှတ်ထား ဗုန်းကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် ကလေးများအတွက် လူငယ်များသမဂ္ဂ-ဗဟို မှ ယနေ့စက်တင်ဘာလ ၂၅ရက်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက်ကမ်ပိန်း ပြုလုပ်ကြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိပြီး ထိုအကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ပြည်သူများ နေ့စဉ်နှင့်အမျှ သေဆုံးနေကြရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သည် လက်ယက်ကုန်းကျေးရွာ ရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းအား ပစ်မှတ်ထား ဗုန်းကြဲတိုက်ခိုက်မှုကြောင့် မူလတန်းပညာသင် ကလေး ၁၁ ဦး သေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်များ ချိတ်ဆွဲခြင်း ၊ထိုကလေးငယ်များအား လွမ်းဆွတ်ပူဆွေးခြင်း စာများချိတ်ဆွဲကာ လူငယ်များသမဂ္ဂ-ဗဟိုက ကမ်ပိန်းပြုလုပ်ကြခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required