အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ် တိုက်ပွဲများအပေါ် သမ္မတဟောင်း ဟာမစ်ကာဇိုင်း ဝေဖန်  

အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ် တိုက်ပွဲများအပေါ် သမ္မတဟောင်း ဟာမစ်ကာဇိုင်း ဝေဖန်  

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှားပြည်နယ်တွင် သေဆုံးမှုဖြစ်စဉ်များ ဆက်လက် မြင့်တက်လျက် ရှိစဉ် အဆိုပါပြည်နယ်၌ အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) နှင့် တာလီဘန်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပေါ်ခြင်းအတွက် သမ္မတဟောင်း ဟာမစ် ကာဇိုင်းက တာလီဘန်အစိုးရအပေါ် အပြင်းအထန် ဝေဖန်လိုက်သည်။

လက်ရှိအချိန်သည် သွေးထွက်သံယိုမှုများကို ရပ်တန့်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 အာဖဂန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းသည် မကြာသေးခင်က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး တာလီဘန်နှင့် NRF အကြား ပဋိပက္ခတိုက်ပွဲများနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ထုတ်ဖော်လာခဲ့ခြင်း ဖြစ်သည်ဟု Khaama Press က ဖော်ပြသည်။

 “သွေးထွက်သံယိုမှုတွေနဲ့ စစ်ပွဲဆိုတာက ဘယ်တော့မှ အဖြေမဟုတ်ဘူးဆိုတာကို အရင် ခါးသီးတဲ့ အတွေ့အကြုံတွေကနေ ရှင်းရှင်းလင်းလင်း ပြသထားပြီး ဖြစ်ပါတယ်။ အဲဒါတွေက နောက်ထပ် ပျက်စီးမှုတွေနဲ့ ထိခိုက်မှုတွေကိုပဲ ဖြစ်စေပါတယ်” ဟု အာဖဂန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းက ၎င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ပြောသည်။

စက်တင်ဘာ ၁၅ ရက်တွင် ဗီယင်နာမြို့၌ အာဖဂန်နစ္စတန်မှ နိုင်ငံရေးသမားများအကြား ၃ ရက်ကြာ ဆွေးနွေးမှု စတင်ပြီးနောက်ပိုင်း ကာဇိုင်း၏ ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ပြဿနာများကို နိုင်ငံရေး ဆုံးဖြတ်ချက် ချမှတ်မှုများမှတစ်ဆင့်သာ ဖြေရှင်း နိုင်မည်ဟု အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (NRF) ၏ ခေါင်းဆောင် အာမက်ဒ် မာဆွတ်ဒ်က ပြောကြောင်း Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required