အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ခြင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ခြင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

မဇ္ဈိမ။ ။ အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့တွင် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒပြပွဲကို ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီ၏ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား ပြည်သူများသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူလူထု ကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတို့အတွက် ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဒေသစံတော်ချိန် နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား ၂၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required