ဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် စစ်ကြောင်း ချီတက်ဆန္ဒပြ

ဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် စစ်ကြောင်း ချီတက်ဆန္ဒပြ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထုသပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator" စာသားကိုကိုင်ဆွဲ၍ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေး တောင်းဆိုခဲ့ကြပြီး လူထုသပိတ်ကို အရှိန်အဟုန် အားကောင်းစွာဖြင့် ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required