“ မြန်မာနိုင်ငံက ကလေးတွေကို လျစ်လျူမရှု့ပါနဲ့” ဟူသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်

“ မြန်မာနိုင်ငံက ကလေးတွေကို လျစ်လျူမရှု့ပါနဲ့” ဟူသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်

" Don't Ignore Myanmar Children " (မြန်မာနိုင်ငံက ကလေးတွေကို လျစ်လျူမရှု့ပါနဲ့ ) ဟူသည့် စာသားကိုင်ဆောင်ကာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှပြည်သူများမှ ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျွေးရွာရှိ ဘုန်းတော်ကြီးစာသင်ကျောင်း၌ ပညာသင်ကြားနေသော ကလေးသူငယ်များကို စစ်တပ်မှ တိုက်ခိုက်ရေးလေယာဥ်များဖြင့် တရစပ်ပစ်ခတ်ခဲ့သည်။ 

ထိုသို့ပစ်ခတ်မှုတွင် အရွယ်မရောက်သေးသည့် မူလတန်းနှင့် အလယ်တန်းကလေးငယ်များ ကျည်ဆံထိမှန်ပြီး နေရာ၌ပင် ကျဆုံးခဲ့ကြရသည်။

 ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ကမ္ဘာကလေးသူငယ်များစောင့်ရှောက်ရေး အဖွဲ့အစည်းများအနေဖြင့် ငြိမ်မနေဘဲ အရေးယူမှုများပြုလုပ်ကြရန် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ ပြည်သူများက တောင်းဆိုခဲ့ကြသည်။

Photos - AungKhantZaw

စာတည်း ။ ။ Alden

#ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း
#ဆန္ဒပြ
#ကလေးငယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required