ရေပြင်နှင့် ဝေဟင်သုံး အသံထက်မြန်သောသင်္ဘောဖျက်ဒုံးကျည်ကို တရုတ်တီထွင်

By Tech times
17 September 2022
ရေပြင်နှင့် ဝေဟင်သုံး အသံထက်မြန်သောသင်္ဘောဖျက်ဒုံးကျည်ကို တရုတ်တီထွင်

တရုတ်က သမားရိုးကျတော်ပီဒိုများထက် ပိုမိုလျင်မြန်စွာသွားလာနိုင်သည့် အသံထက်မြန်သော သင်္ဘောဖျက် ဒုံးကျည်ကို ဖန်တီးနေသည်ဟု အဆိုပါစီမံကိန်းတွင်လုပ်ဆောင်နေသော ကျွမ်းကျင်သူများက ပြောကြားသည်။

South China Morning Post (SCMP) ၏ပထမဆုံးသတင်းဖော်ပြချက်အရ၁၆ဒသမ၄ပေရှိဒုံးကျည်သည် အမြင့်မီတာ၁၀ဝ၀ဝတွင် ပျံသန်းနေစဉ် အသံ၏အမြန်နှုန်းထက်၂ဒသမ၅ဆနှုန်းဖြင့် ၁၂၄မိုင် ပျံသန်း နိုင်မည်ဖြစ်သည်။ ရေအောက်တွင်လည်း ကီလိုမီတာ၂၀အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။ 

ဒုံးကျည်သည် ပစ်မှတ်မှ၆ဒသမ၂မိုင်အကွာသို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက်တော်ပီဒိုစနစ်သို့ ပြောင်းမည်ဖြစ်ပြီး ဆွဲအားကို လျှော့ချပေးသည့် လေပူဖောင်းကြီးကိုအသုံးပြု၍ ရေအောက်တွင် တစ်စက္ကန့်လျှင် မီတာ၁၀ဝအထိ သွားနိုင်မည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။

ထို့ပြင် အဆို တော်ပီဒို၏  လမ်းကြောင်းကို အချိန်မရွေးပြောင်းလဲနိုင်ပြီး မလျော့ကျစေဘဲ  ရေအောက် အကာအကွယ်များကို ရှောင်ရှားရန် ၃၂၈ပေအနက်အထိ ငုပ်လျှိုးသွားနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့လျင်မြန်သော ကြားဖြတ် တိုက်ခိုက်မှုကိုခံနိုင်ရည်ရှိသည့်သင်္ဘောကာကွယ်ရေးစနစ် မရှိသေးကြောင်း သိပ္ပံပညာရှင်လီဖန်ဖေးနှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်များကပြောကြားခဲ့သည်။

ယခုစနစ်သည် ဒုံးကျည်၏ ထိုးဖောက်နိုင်စွမ်းကို သိသိသာသာတိုးမြင့်လာစေသည်ဟုဆိုသည်။
 
SMCP ၏အဆိုအရပါဝါစနစ်သည်လေသို့မဟုတ်ရေကိုသွင်းယူစဉ်တွင်များပြားလှသောစွမ်းအားပမာဏကို ထုတ်ပေးရမည်ဖြစ်သောကြောင့်ဒီဇိုင်နာများအတွက်ယင်းသည်အဓိကအခက်အခဲတစ်ခုဖြစ်နေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly