ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၉၉ ရက်မြောက် ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၉၉ ရက်မြောက် ချီတက်ဆန္ဒပြ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီနှင့် ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းတွင် "Accept NUG and Our Ambassador, Reject Dictator" စာသားပါ ဘန်နာနှင့် "UN, Prove your existence for justice" စာသားပါ ဘန်နာကိုကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြခြင်း ဖြစ်သည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၉၉ ရက်မြောက်နေ့အဖြစ် ချီတက် သပိတ်မှောက်ကြသည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required