ပုလဲမြို့ရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးဟုဆို

ပုလဲမြို့ရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးဟုဆို

စက်တင်ဘာ ၁၉

လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်၌ အခြေစိုက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့် ရဲတပ်သား ၁၀၀ ခန့် ရှိသည့်ရဲစခန်းတစ်ခုကို စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပုလဲမြို့နယ် တပ်ရင်း (၁) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကဆိုသည်။

" ကျနော်တို့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေစုပြီး ပွိုင့်လေးခုကနေ ကင်းထောက်ဒရုန်းဖြင့် ကင်းထောက်တယ်။ ပြီးတော့ လက်နက်ကြီး ပစ်ကူနဲ့ ပစ်ပြီးမှ ရဲစခန်း ကို ဝင်လုံးတယ်။ စစ်ကောင်စီ တပ်သား ၁၀၀ လောက်တော့ ရှိမယ်ဗျ။ တိုက်ပွဲကြာချိန် ကတော့ ၁ နာရီ ကျော်လောက်ရှိပါမယ်။ စစ်ကောင်စီ တပ်သား ခြောက်ဦး သေဆုံးမှုရှိတယ်။ ကျနော်တို့ဘက်ကတော့ မဟာမိတ် အဖွဲ့ တစ်ခုထဲက ရဲဘော်တစ်ဦး ကျည်ထိမှန်ခဲ့တယ် စိုးရိမ်စရာတော့မရှိဘူး" ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁)၊ Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

အဆိုပါတိုက်ပွဲတွင် ပုလဲမြို့နယ် တပ်ရင်း(၁),(၂),(၄),(၆)၊ God OF Myaing ၊ MVRF ၊ Ever Freedom၊ ခိုင်လေး ၊ အညာဒေါင်း ၊ PCM ၊ အညာမြေ၊ နဂါးနီ ၊TKGS ၊ Shwe Hin Thar နှင့် MPL တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden

#ပုလဲမြို့နယ်

#ရဲစခန်း

#စစ်ကောင်စီတပ်သား

#မဟာမိတ်ပူးပေါင်းတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required