အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂျပန်ကို ဝင်ရောက်

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂျပန်ကို ဝင်ရောက်

စက်တင်ဘာလ ၁၈ ရက်

တိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ်သည် စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းသို့ ဝင်ရောက်ရာတွင် အားပြင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခြင်းနှင့် မိုးကြီးခြင်းတို့မှ အကာအကွယ်ယူရန် ပြည်သူသန်းချီတို့ ဘေးလွတ်ရာတွင် ခိုလှုံကြရေး အာဏာပိုင်များက တိုက်တွန်းထားသည်။

မုန်တိုင်းသည် ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး မုန်တိုင်းအလယ်မျက်စိသည် ကာဂိုရှီးမားမြို့အနီး ရောက်ရှိခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ပြောသည်။

မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ ၂၃၄ ကီလိုမီတာ (၁၄၆ မိုင်) နှုန်းအထိ ရှိပြီး အဆိုပါ မုန်တိုင်းကြောင့် ကျူရှုးဒေသ အနောက်တောင်ပိုင်း ဧရိယာတချို့တွင် ၂၄ နာရီသာသာအတွင်း မိုးရေချိန် ၅၀၀ မီလီမီတာအထိ ရွာသွန်းစေခဲ့ပြီး ဖြစ်သည်။

ကျူရှုးကျွန်း၏ ကာဂိုရှီးမားနှင့် မီယာဇာကီ စီရင်စုတို့တွင် လူပေါင်း ၂၀,၀၀၀ ထက်မနည်းသည် ယာယီခိုလှုံရာနေရာများတွင် ညပိုင်းကို ဖြတ်သန်းကြရသလို ဆယ်စုနှစ်အချို့အတွင်း တစ်ကြိမ်သာ မြင်ရနိုင်သည့် ရာသီဥတု အခြေအနေများအတွက် ခန့်မှန်းရာမှသာ ထုတ်ပြန်တတ်သည့် “အထူးသတိပေးချက်” တစ်ရပ်ကို ဂျပန် မိုးလေဝသအေဂျင်စီက ရှားရှားပါးပါး ထုတ်ပြန်ထားသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly