မြန်မာသံအမတ်ကြီး "ဦးကျော်မိုးထွန်း" ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ဆန္ဒပြ

မြန်မာသံအမတ်ကြီး "ဦးကျော်မိုးထွန်း" ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ဆန္ဒပြ

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက သပိတ်မှောက် ချီတက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သပိတ်မှောက် ချီတက် ဆန္ဒပြခြင်းသည် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက် တည်ရှိရေးနှင့် စစ်အာဏာရှင် ဆန်ကျင့်ရေးအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီထံက သိရသည်။

တောင်ပျောက်တိုက်နယ် သပိတ်ကော်မတီ နှင့် ကျေးရွာနေ ပြည်သူများ အဆိုပါ သပိတ်စစ်ကြောင်းကို ပူးပေါင်း ပါဝင် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သပိတ်စစ်ကြောင်းအား ဒေါင်းမင်း စစ်ဆင်ရေး (TYC-PDF) နှင့် ထားဝယ် လူငယ် လက်ရုံးတပ်မှ ဝန်းရံပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly