အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်ကြောင့် တရုတ်စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေ

အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်ကြောင့် တရုတ်စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေ

အိန္ဒိယက ဆန်ကွဲတင်ပို့မှုကို ရုတ်တရက်ပိတ်ပင်လိုက်ခြင်းကြောင့် ထိပ်တန်းဝယ်သူအဖြစ် သတ်မှတ်ခံရသည့် တရုတ်တွင်  ဆန်စပါး ထုတ်လုပ်မှုကွင်းဆက်သည် ဆိုးရွားစွာအခက်ကြုံရနိုင်သည်။

ကန့်သတ်အမိန့်အရ အိန္ဒိယသည် ဆန်ဖြူနှင့်ဆန်လုံးညိုတင်ပို့မှုအပေါ် အခွန်၂၀ရာခိုင်နှုန်း ချမှတ်ခဲ့သည်။

အမိန့်အရပိတ်ပင်ခံရသည့် ဆန်အမျိုးအစားသည်အိန္ဒိယ၏ စုစုပေါင်းဆန်တင်ပို့မှု၏၆၀ရာခိုင်နှုန်းခန့်ရှိသည်။ အိန္ဒိယသည် ဆန်ကွဲတင်ပို့မှုကိုလည်း တားမြစ်ထားသော်လည်းပေါင်းဆန်နှင့် ဒံပေါက်ဆန်များသည် ကန့်သတ်မိန့်တွင် မပါဝင်ပေ။

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၀ရာခိုင်နှုန်းခန့်ရှိသည်။ အိန္ဒိယက နိုင်ငံပေါင်း၁၅၀ကျော်သို့ ဆန်တင်ပို့နေပြီး တင်ပို့မှုလျော့ကျသွားပါကမိုးခေါင်ခြင်း၊ အပူလှိုင်းနှင့် ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုကြောင့်မြင့်တက်လာနေသောအစားအစာ ဈေးနှုန်းများအပေါ်ဖိအားများ တိုးလာ စေမည်ဖြစ်သည်။

လက်ရှိတွင်ကမ္ဘာတစ်ဝန်းရှိနိုင်ငံအများအပြားသည်ပိုမိုဆိုးရွားလာသောစားနပ်ရိက္ခာအကျပ်အတည်းသို့မဟုတ် ငွေကြေးဖောင်းပွမှုဒဏ်ကိုခံစားနေရပြီး အိန္ဒိယ၏ ယင်းလုပ်ရပ်သည်အဆိုပါနိုင်ငံများအပေါ်ပိုမိုဖိအား ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း အစီရင်ခံစာများက ဆိုသည်။
 
အိန္ဒိယသည် အာဖရိကနိုင်ငံအချို့သို့ဆန်ကွဲအဓိက တင်ပို့သူဖြစ်သည်။ သို့သော်တရုတ်စိုက်ပျိုးရေး သတင်း အချက်အလက်ကွန်ရက်မှ ထုတ်ဝေသည့် ဆောင်းပါးတစ်ခုအရ တရုတ်သည် အိန္ဒိယဆန်ကွဲအများဆုံး ဝယ်ယူသူဖြစ်ပြီး၂၀၂၁ခုနှစ်တွင်အိန္ဒိယမှ ဆန်ကွဲတန်ချိန်၁ဒသမ၁သန်း တင်သွင်းခဲ့သည်။
 အိန္ဒိယ၏စုစုပေါင်းဆန်တင်ပို့မှုသည်၂၀၂၁ခုနှစ်တွင်တန်ချိန်၂၁ဒသမ၅သန်းအထိစံချိန်တင်ရောက်ရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့်၄နိုင်ငံဖြစ်သောထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့်အမေရိကန်တို့ စုစုပေါင်းတင်ပို့မှုထက် ပိုများသည်။
 
ဆန်ကွဲကို တရုတ်တွင်တိရစ္ဆာန်အစာ၊ခေါက်ဆွဲနှင ့်ဝိုင်ထုတ်လုပ်ရာတွင်အဓိကအားဖြင့်အသုံးပြုကြောင်းသတင်း တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required