ပါကစ္စတန်က လာမည့်သီတင်းပတ်မှစတင်၍ တရုတ်လျှပ်စစ်စီမံကိန်းများကို ငွေပေးချေတော့မည်

ပါကစ္စတန်က လာမည့်သီတင်းပတ်မှစတင်၍ တရုတ်လျှပ်စစ်စီမံကိန်းများကို ငွေပေးချေတော့မည်

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံအောက်တွင် အကောင်အထည်ဖော်ထားသော သီးခြားရပ်တည် လည်ပတ်နေသည့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများ (IPP) ကို လာမည့်သီတင်းပတ်မှစတင်၍ ငွေပေး ချေတော့မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာလိုက်သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများ ကျေနပ်စေရန် အစိုးရကဘဏ္ဍာနှစ်တစ်နှစ်စာအတွက် ပုံမှန်လစဉ်ငွေပေးချေမှု အစီအစဉ်ကိုလည်းချမှတ်ခဲ့ကြောင်း Dawn သတင်းစာကဖော်ပြခဲ့သည်။

ပါကစ္စတန်၏ ဗဟိုလျှပ်စစ်ဝယ်ယူရေးအေဂျင်စီ (CPPA) သည် တရုတ် IPPs များထံ ပါကစ္စတန် ရူပီးငွေ၂၆၀ဘီလီယံခန့် အကြွေးတင်နေကြောင်းသတင်းစာက ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာဆိုင်းငံ့ထားသည့် လုပ်ငန်းလည်ပတ်စရိတ် ငွေစာရင်းပြဿနာကို မကြာမီဖြေရှင်းနိုင်မည်ဟု တရုတ်ကုမ္ပဏီများကို အာမခံထားသည်။

သက်ဆိုင်သူအားလုံးနှင့်တရုတ် IPP ၏အမှုဆောင်အရာရှိချုပ်များနှင့်တွေ့ဆုံစဉ် ဘဏ္ဍာရေးဝန်ကြီးအစ်မေးက ရင်းနှီးမြှုပ်နှံသူများအား CPEC သည်ပါကစ္စတန်နှင့်တရုတ်ကြားချစ်ကြည်ရင်းနှီးမှုဖော်ပြသည့် အဓိက စီမံကိန်း ဖြစ်ကြောင်း ဖြစ်နိုင်သမျှ နည်းလမ်းဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် လက်ရှိအစိုးရ၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ၎င်းတို့၏စိုးရိမ်မှုများကိုချက်ချင်းဖြေရှင်းပေးမည်ဟုကတိပြုခဲ့ကြောင်း Dawn ကဖော်ပြခဲ့သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အရလုပ်ဆောင်သည့် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကို ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်ရာ နိုင်ငံများတွင် အထိတ်တလန့်ဖြစ်ခဲ့ရပြီးယင်းစီမံကိန်းများသည့် နိုင်ငံများကို စီးပွားရေး အကျပ်အတည်းဆိုက်စေကာ တရုတ်အတွက် အကျိုးကျေးဇူးရှိစေသည့် ကြွေးမြီ သံခန်းတမန်ခင်းကို အသုံးပြုထားသည်။ 

CPEC သည်တရုတ်-ပါကစ္စတန်အလုံးစုံချစ်ကြည်ရင်းနှီးမှုကိုဖော်ပြခဲ့ပြီးကတိပြုထားသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ၄၆ဘီလီယံဖြင့် စတင်ကာ အမေရိကန်ဒေါ်လာ၅၀ဘီလီယံအထိ တိုးလာခဲ့သည်။

ယခုအမည်ပြောင်းထားသည့် ခါးပတ်လမ်းစီမံကိန်း၏ ပင်မကျောရိုးဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required