အာဖဂန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေး တာလီဘန်နှင့် ပါကစ္စတန် ဆွေးနွေးနေ

အာဖဂန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေး တာလီဘန်နှင့် ပါကစ္စတန် ဆွေးနွေးနေ

တရားဝင်အထောက်အထား စာရွက်စာတမ်းများ မရှိမှုကြောင့် ပါကစ္စတန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အာဖဂန်နိုင်ငံသား ၃၀၀ ခန့် ပြန်လည်လွတ်မြောက်ရေးအတွက် အာဖဂန်တာလီဘန်တို့နှင့် ပါကစ္စတန်အာဏာပိုင်တို့အကြား ဆွေးနွေးလျက်ရှိသည်။ 
 
ပါကစ္စတန်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသော အာဖဂန် ၃၀၀ ခန့် ပြန်လည်လွတ်မြောက်နိုင်ရေး အစ္စလမ်မာဘတ်ရှိ အာဖဂန်သံရုံး အရာရှိများက ပါကစ္စတန် တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း အာဖဂန် နိုင်ငံခြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်ကို  Tolo News က ဖော်ပြသည်။

ပါကစ္စတန်သည် အာဖဂန်နိုင်ငံသားများကို ခိုလှုံခွင့်ပေးသည့် ထိပ်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး အာဖဂန်ပြည်သူ ၁ သန်းခွဲ နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
 
အာဖဂန်သံရုံး၏ ကြိုးပမ်းအားထုတ်မှုကြောင့် ထိန်းသိမ်းခံရသူတချို့ ပြန်လွတ်ခဲ့ကြောင်း အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟာဖစ် ဇီယာ အာမက်ဒ် တက်ကဲလ်က ဗီဒီယိုတစ်ခုတွင် ပြောသည်။ သို့သော် ကျန်ရှိနေသူများသည် ဒဏ်ကြေးများ ပေးဆောင်ပြီးမှ ပြန်လွတ်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

“တချို့ကတော့ ဒီနေ့မှာပဲ ပြန်လွတ်လာပါတယ်။ အခြားသူတွေကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်က မကြာမီ ချမှတ်ပါလိမ့်မယ်။ ဒီကိစ္စအပေါ် အမြတ်ထုတ် အသုံးချနေသူတချို့ ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီလို ထိန်းသိမ်းခံထားရသူတွေကို ကူညီပေးသလို ဟန်ဆောင်ရင်း ငွေကြေးကောက်ခံနေသူတချို့ ရှိနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required