ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို လူပြက် နိုင်ငံရေးသမား ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို လူပြက် နိုင်ငံရေးသမား ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ဝေဖန်

ပါကစ္စတန်တွင် ယခင်က စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်တပ်ကို ဆန့်ကျင်ရပ်တည်နေသည့် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လန်ဒန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှောကတ် အလီ ကက်ရှ်မီရီက ဝေဖန်ပြစ်တင်ရာတွင်  ခန်းသည် လူပြက် နိုင်ငံရေးသမား ဖြစ်ကြောင်း  ၎င်းက ပြောသည်။

ပါကစ္စတန်နိုင်ငံ၏ လက်ရှိ လူမှု-စီးပွားနှင့် နိုင်ငံရေးဆိုင်ရာအခြေအနေသည် စိုးရိမ်ပူပန်စရာ ကောင်းကြောင်း လည်း ကက်ရှ်မီရီက ထုတ်ဖော်ပြောဆိုသည်။

ပါကစ္စတန်ရဲ့ လူမှု-စီးပွားနဲ့ နိုင်ငံရေး အခြေအနေက စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ပြည်နယ်နှစ်ခုက ဗဟို အစိုးရကို ဆန့်ကျင်ခဲ့သလို အီမရန် ခန်း အပါအဝင် အချို့ကလည်း သူ့ကို ထောက်ခံဖို့ စစ်တပ် အကြီးအကဲတွေကို ဖိအားပေးခဲ့ပါတယ်။ ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းတဲ့ နိုင်ငံလဲ။ 

ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ နိုင်ငံရေးသမားလဲ” ဟု ရှောကတ် အလီ ကက်ရှ်မီရီက တွစ်တာတွင် ရေးသည်။

လက်ရှိ ညွန့်ပေါင်းအစိုးရသည် စစ်တပ်အကြီးအကဲတစ်ဦးကို ၎င်းတို့ဘာသာ ခန့်အပ်ရန် ရွေးကောက်ပွဲများကို နှောင့်နှေးစေလျက် ရှိကြောင်း အီမရန် ခန်းက မကြာသေးခင်က ဖိုင်ဆယ်လာဘတ်တွင် ပြုလုပ်သည့် လုထုစည်းဝေးပွဲတစ်ခု၌  ပြောခဲ့သည်။

သမိုင်းပညာရှင်၊ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို ဟာကွတ်-အီ ခါလ် ပါတီ (HKP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အမ်မာ အလီ ဂျန် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ကက်ရှ်မီရီက ဝေဖန်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required