လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်သား၊ ရဲတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ဆန္ဒထုတ်ဖော်

By ကိုရွှေမြိတ်
15 September 2022
လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်သား၊ ရဲတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ဆန္ဒထုတ်ဖော်

September 15

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက “ပြည်သူ့စစ်သား၊ရဲတပ်သားများပြည်သူ့ရင်ခွင် ခိုလှုံကြရန်”ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူလူထုနှင့် နှင်းဆီရောင်အမျိုးသမီးသမဂ္ဂတို့ ပူးပေါင်း၍ "ပြည်သူ့စစ်သား၊ရဲတပ်သားများပြည်သူ့ရင်ခွင် ခိုလှုံကြ"ခေါင်းစဥ်ပါ စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

#တနင်္သာရီတိုင်း

#လောင်းလုံးမြို့နယ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly