တရုတ်အိမ်ခြံမြေကဏ္ဍအလားအလာ ယခုနှစ်အတွင်း ပိုဆိုးလာကာ ဈေးနှုန်းများ ကျဆင်း

တရုတ်အိမ်ခြံမြေကဏ္ဍအလားအလာ ယခုနှစ်အတွင်း ပိုဆိုးလာကာ ဈေးနှုန်းများ ကျဆင်း

တရုတ်တွင် အိမ်ဝယ်သူများ သတိထားနေကြဆဲဖြစ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် အိမ်ဈေးများကျဆင်းမည်ဟု စီးပွားရေးပညာရှင်များက ခန်မှန်းထားပြီး ယခင်တွက်ချက်ထားသည်ထက် အိမ်ခြံမြေရောင်းချမှု မြန်မြန်ဆန်ဆန် လျော့ကျလာနိုင်ချိန်တွင် လူနေအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် ပိုမိုဆိုးရွားနိုင်ဖွယ်ရှိနေသည်။

သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ရိုက်တာမှကောက်ယူခဲ့သည့် လေ့လာသုံးသပ်သူနှင့်စီးပွားရေးပညာရှင် ၁၀ဦးကျော်၏ စစ်တမ်းအရ အိမ်သစ်ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်တွင် ၁ ဒသ၄ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိနေသည်။

မေလသုံးလပတ်စစ်တမ်းတွင် လေ့လာသုံးသပ်သူများက ၂၀၂၂ခုနှစ်အတွက် ဈေးနှုန်းများမပြောင်းလဲဘဲ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းခဲ့သည်။

အိမ်ခြံမြေရောင်းအားသည် ၂၀၂၂ခုနှစ်တွင် ၂၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားသည်ကို တွေ့မြင်ရပြီး မေလစစ်တမ်းတွင် ၁၀ ရာခိုင်နှုန်းကျော်အထိ ခန့်မှန်းချက်ထက်များစွာ လျော့ကျသွားခဲ့သည်။

ရုန်းကန်နေရသော အိမ်ခြံမြေကဏ္ဍသည် ကျယ်ပြန့်သော ကိုဗစ်-၁၉ပိတ်ဆို့ ကန့်သတ်မှုများကြောင့် ဒုတိယ သုံးလပတ်တွင် စီပွားရေးကျုံ့သွားခြင်းဟူသည့်သတ်မှတ်ချက်ကို အနည်းငယ်ကပ်လွဲခဲ့ရသည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်အပေါ်ဖိအား ကျရောက်နေသည်။

"စီမံကိန်းတွေ မပြီးသေးတာ၊ တရုတ်ရဲ့တိုးတက်မှုအလားအလာနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေကြောင့် နောက် ၆လ-တစ်နှစ်အတွင်း အိမ်ဝယ်လိုအားအားနည်းပါလိမ့်မယ်" ဟု Moodyမ ှလေ့လာသုံးသပ်သူ ဒင်နီရယ်ကျိုက သုတေသနမှတ်စုတစ်ခုတွင် ပြောကြားခဲ့သည်။

"ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံခဲ့ပြီး အရောင်းအဝယ်တွေက သုံးစွဲသူတွေရဲ့စိတ်ကို မဆွဲဆောင်နိုင်သလို ဝယ်ယူတွေက အိမ်ခြံမြေဈေးနှုန်းတွေ ထပ်မံကျဆင်းလိမ့်မယ်လို့ မျှော်လင့်နေတာကြောင့် အိမ်ခြံမြေ ဝယ်ယူမှုကိုနှောင့်နှေးစေမှာဖြစ်ပါတယ်။"

အာဏာပိုင်များက ယခုနှစ်အတွင်း အဆိုပါကဏ္ဍကိုမြှင့်တင်ရန် အစီအမံများဆက်တိုက်လုပ်ဆောင်နေသော်လည်း ရိုက်တာစစ်တမ်းတွင် လေ့လာသုံးသပ်သူများက ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly