လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်သားနဲ့ ရဲတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် လှုံ့ဆော် ဆန္ဒပြ

By ကိုရွှေမြိတ်
13 September 2022
လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်သားနဲ့ ရဲတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် လှုံ့ဆော် ဆန္ဒပြ

September 13

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် "ပြည်သူ့စစ်သား/ရဲတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ဟု စစ်ကောင်စီတပ်သားနှင့် ရဲများအနေဖြင့် CDMတွင်ပါဝင်လာကြရန် လှုံ့ဆော်သည့်အနေဖြင့် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု အနေဖြင့် တက်ကြွလှုပ်ရှားသူများက နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စာတည်း။ ။ဖူးသိမ်ကျ

#တနင်္သာရီတိုင်း

#လောင်းလုံးမြို့နယ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly