တရုတ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရမည်ဖြစ်သလို ကမ္ဘာကလည်း မျက်ကွယ်မပြုသင့်ဟု ကုလကျွမ်းကျင်ပညာရှင်များ ပြော

တရုတ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရမည်ဖြစ်သလို ကမ္ဘာကလည်း မျက်ကွယ်မပြုသင့်ဟု ကုလကျွမ်းကျင်ပညာရှင်များ ပြော

တရုတ်နိုင်ငံ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူတစ်ဦးချင်းနှင့် လူနည်းစုများအပေါ် အကွက်ချ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ၎င်း၏ သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကအသိုင်းအဝိုင်းကလည်း  မသိကျိုးကျွံမပြုသင့်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်၌ တရုတ်အရေးနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် လူ့အခွင့်အရေးကောင်စီအား ထပ်တလဲလဲ တောင်းဆိုထားသည်။ 

ရှင်ကျန်းတွင် အလွဲသုံးစားပြုမှုစွပ်စွဲချက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အကဲဖြတ်ချက်ကို ထောက်ခံလျက် ကျွမ်းကျင်သူများက “ဝီဂါများနှင့် အခြားမွတ်စလင်လူနည်းစု အများစုအပေါ် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၏အတိုင်းအတာသည်  အထူးသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်နိုင်ကြောင်း ကောက်ချက်ချမှုကို အလေးထား ပြောကြားခဲ့သည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်ဥပဒေများ၊ မူဝါဒများနှင့် ကျင့်ထုံးများဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားလုပ်မှုများအပေါ် အစီရင်ခံစာ၌ အလေးထားဖော်ပြထားမှုကိုလည်း ပညာရှင်များက ကြိုဆိုခဲ့ကြ သည်။

ဒေသတွင်းတွင် အဓမ္မပျောက်ဆုံးသွားမှုများအပါအဝင်  တိုင်းရင်းသားလူနည်းစုများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီးလည်း ကုလသမဂ္ဂပညာရှင်များက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

လူ့အခွင့်အရေးကောင်စီသည် အထူးလုပ်ထုံးလုပ်နည်းများ ပြဌာန်းရန်  သို့မဟုတ် တရုတ်နိုင်ငံရှိ လူ့အခွင့် အရေးအခြေအနေများကို နှစ်စဉ် အနီးကပ်စောင့်ကြည့် ခွဲခြမ်းစိတ်ဖြာရန်နှင့် အစီရင်ခံရန် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေး အရေးတကြီး စဉ်းစားသင့်ကြောင်းလည်း ပညာရှင်များက ထောက်ပြသည်။
 
အထွေထွေ ညီလာခံ သို့မဟုတ် အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးသံတမန် ခန့်အပ်ရေး ထည့်သွင်းစဉ်းစားသင့်ကြောင်းနှင့် တရုတ်အစိုးရနှင့်  ဆက်လက်ဆွေးနွေးမှုများအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို  တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly