NUG အစိုးရ နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ဆန္ဒပြ

မဇ္ဈိမ။      ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။။

‘ Accept NUG and Our Ambassador, Reject Dictator ၊ ကျွန်ုပ်တို့၏ NUG နှင့်သံအမတ်ကြီးကို လက်ခံပါ၊ အာဏာရှင်ကိုငြင်းပယ်ပါ’ အစရှိတဲ့ စာသားပါ ဘန်နာတွေကို ကိုင်စွဲပြီး ဒေသတွင်း လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

 လာမည့် စက်တင်ဘာ ၁၃ရက်မှာ (၇၇) ကြိမ်မြောက် ကုလညီလာခံမှာမြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားပေးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုရေး၊ စစ်အာဏာရှင်တွေကို ငြင်းပယ်ပေးဖို့နဲ့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့တောင်းဆိုချက်တွေကို အလေးထားဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#စစ်အာဏာရှင်
#လက်ပံတောင်းတောင်

Photo - Black Ko
 
နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required