ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်များ စုပေါင်းချီတက်

ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်များ စုပေါင်းချီတက်

မဇ္ဈိမ။      ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းမြို့နယ်အတွင်း ကျေးရွာပေါင်းစုံရှိ လူထုသပိတ်များစုပေါင်းပြီး သံအမတ် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ပြန်လည်နေရာရရှိရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် စက်တင်ဘာ ၇ရက် ယမန်နေ့ တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ လုံခြုံရေးယူပေးခဲ့ပြီး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ တေဇာစန်းမှ ပေးပို့သော လူထုများထံ ဂုဏ်ပြုစကား အသံဖိုင်အား ဖွင့်ပြခဲ့ကြောင်းသိရသည်။

ထောင်နှင့်ချီသော လူထုစစ်ကြောင်းတွင် "Accept NUG and Our Ambassador, Reject Dictator" စာတန်းအားကိုင်စွဲပြီး မြန်မာအမျိုးသမီး မဟာမိတ် အင်အားစု(WAB) ၊ သွေးမအေးတဲ့ ရွှေနွယ်သွေး ၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ ၊ အောင်လံလွှင့်မည်ရွှေရေကြည် ၊ ရွှေဥက္ကံ ၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း နှင့် ယင်းမာပင် မြောက်ခြမ်း ကျေးရွာ သုံးရွာပေါင်း လူထုသပိတ်ကော်မတီများမှ စုပေါင်းချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လူထုသပိတ်
#WAB
#NUG
#ယင်းမာပင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required