ကာလတာရှည်မိုးခေါင်ပြီးနောက် ရေနှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံသစ်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲရန် တရုတ် စီစဉ်နေ

ကာလတာရှည်မိုးခေါင်ပြီးနောက် ရေနှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံသစ်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲရန် တရုတ် စီစဉ်နေ

ယန်ဇီမြစ်ဝှမ်းဒေသ၏ များပြားလှသော ဧရိယာများကို စံချိန်တင် အပူလှိုင်းဖြတ်ပြီးနောက်၊ စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အပေါ် ရာသီဥတုဖောက်ပြန်မှု၏ ဆိုးရွားလာမှုကို ကာကွယ်ရန် တရုတ်ပြည်နယ်များတွင် ရေနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံသစ်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲရန် စီစဉ် နေသည်။

တရုတ်အနောက်တောင်ပိုင်းတွင် ကာလတာရှည်စွာ မိုးခေါင်မှုကြောင့် စီချွမ်းကဲ့သို့ ရေအားလျှပ်စစ် မှီခိုနေရ သော ဒေသများမှာ အားနည်းချက်အဖြစ် ရေများကျဆင်းသွားသဖြင့် နိုင်ငံ၏ အခြားဒေသများသို့ လျှပ်စစ် ဓာတ်အားပို့လွှတ်မှု ပြတ်တောက်သွားခဲ့သည်။

တစ်ဦးချင်းစီအတွက် ရေပေးဝေနိုင်မှုသည် ကမ္ဘာ့ပျမ်းမျှစံနှုန်း၏ ၄ပုံ ၁ပုံခန့်သာရှိသဖြင့် လာမည့် ဆောင်းဦး ရာသီတွင် မိုးရွာ သွန်းမှုနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိပြီး တရုတ် ကောက်ပဲသီးနှံ၏ ၂၀ ရာခိုင်နှုန်း ထိခိုက်နိုင်သည်ဟု အချို့က အကြံပြုထားသည်။

 မိုးခေါင်ရေရှားဒေသများတွင် အရေးပေါ်ရေတွင်းများ တူးဖော်ရပြီး မီးသတ်သမားများ တပ်ဖြန့်ချထားခြင်းနှင့် ကောက်ပဲသီးနှံများကို ရေရန် မိုးတုရွာခြင်းကို လုပ်ဆောင်နေသည့်အပြင် အစိုးရများက ကြီးမားပြီး ရေရှည် အတွက် ရေနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော်ရန် စီစဉ်နေသည်။

"ရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်တာတွေ၊ ရေကြီးမှုနဲ့ မိုးခေါင်မှု ပိုမိုဆိုးရွားလာတာကြောင့် ရေသို လှောင်ခြင်းနဲ့ လွှဲပြောင်းခြင်းတို့က အလွန်အရေးကြီးလာပါတယ်" ဟု တရုတ်မိုးလေဝသစီမံခန့်ခွဲရေး ကျွမ်းကျင်သူ မောင်လျှိုရှီ က မကြာသေးမီက တယ်လီကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

ရေအရင်းအမြစ်ဝန်ကြီးဌာနသည် ၂၀၂၂ခုနှစ်အတွင်း စီမံကိန်းကြီး ၂၅ ခုကို အတည်ပြုထားပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု ယွမ် ၁ ဒသမ ၇ ထရီလီယံ (ဒေါ်လာ ၂၄၆ ဘီလီယံ) တန်ဖိုးရှိသည်။

ယန်ဇီမိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသော တရုတ်အလယ်ပိုင်း ဟူပေပြည်နယ်သည် ဧရာမရေစီမံကိန်းကြီး ၁၈ ခုကို သြဂုတ် ၃၁ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် ယွမ် ၁၇၆ ဘီလီယံသုံးစွဲရန် လျာထားသည်။

သြဂုတ်လတွင် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း စုပေါင်းရင်းနှီးမြုပ်နှံမှု ယွမ် ၂၁၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ရေသိုလှောင်မှုစီမံကိန်းကြီး ၄ ခုကို စတင်ဖော်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required