ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တာဝန်ထမ်းဆောင်ခွင့်ဆက်ပေးရေး လက်ပံတောင်းတောင် ဒေသခံများဆန္ဒပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တာဝန်ထမ်းဆောင်ခွင့်ဆက်ပေးရေး လက်ပံတောင်းတောင် ဒေသခံများဆန္ဒပြ

(မဇ္ဈိမ)။ ။(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ယခုစက်တင်ဘာလတွင် ကျင်းပမည်ဖြစ် ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရေးအတွက် လက်ပံတောင်းတောင်ဒေသခံများက ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။
“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”ဟု အဓိပ္ပာယ်ရသည့် “Accept NUG and Our Ambassador, Reject Dictator” စာသား၊ “ကုလသမဂ္ဂ၊ “တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ“ ဟု အဓိပ္ပာယ်ရသည့် UN, Prove Your Existence for Justice” စာသားတို့ကို ကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

Photo: Black Ko

စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ
#လက်ပံတောင်းတောင်ဒေသခံများ
#ဦးကျော်မိုးထွန်း
#ကုလသမဂ္ဂ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required