မန္တလေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့်ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

မန္တလေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့်ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားသည့်ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို ယနေ့ စက်တင်ဘာလ ၆ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်ကြသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့က လှည့်ကင်း၊၀ပ်ကင်းများ ထူထပ်စွာ ချထားသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် NUG ထောက်ခံပွဲနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား UN သံအမတ်နေရာတွင် ဆက်လက်ခန့်ထားပေးရန် လမ်းပေါ် ထွက် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၏ လက်ရှိအခြေအနေသည် စစ်ကောင်စီတပ်နှင့် သတင်းပေးဒလန် ပျူစောထီးအဖွဲ့တို့အားကောင်း နေခြင်းကြောင့် မြို့ပြစစ်ဆင်ရေးများလည်း နည်းပါးလာသကဲ့သို့ သွားလာလည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုလည်း တွေ့ရသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ အောင်ကျော်ဖြိုး

#မန္တလေးမြို့
#စစ်ကောင်စီ
#ဆန္ဒပြ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required