နွေဦးတော်လှန်ရေးတွင် ကျဆုံးအာဇာနည်သူရဲကောင်း ကဗျာဆရာကို သွားရောက်အလေးပြု

နွေဦးတော်လှန်ရေးတွင် ကျဆုံးအာဇာနည်သူရဲကောင်း ကဗျာဆရာကို သွားရောက်အလေးပြု

မဇ္ဈိမ ။    ။ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း  ကဗျာဆရာကေဇဝင်းအား စက်တင်ဘာလ ၄ရက်နေ့က  သွားရောက်အလေးပြုခဲ့ကြသည်။

ကဗျာဆရာ ကေဇဝင်းသည် ၂၀၂၁ခုနှစ် မတ်လ ၃ရက်နေ့တွင် မုံရွာမြို့လူထုသပိတ်၌ စစ်ကောင်စီတပ် ပစ်လိုက်သည့် သေနတ်ကျည်ထိမှန်ကာ မြင့်မြတ်စွာကျဆုံးခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

ကဗျာဆရာ ကေဇဝင်း ကျဆုံးသွားသည့် တစ်နှစ်ခွဲပြည့်နေ့တွင် ကျောင်းသားများသမဂ္ဂများပူးပေါင်းကာ သွားရောက်လေးပြုခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#လူထုသပိတ်
#ကေဇဝင်း
#နွေဦးတော်လှန်ရေး

ပုံသတင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required