အိန္ဒိယ၏ စီးပွားရေး ၇ ရာခိုင်နှုန်းကျော် တိုးတက်နိုင်ဟု ဘဏ္ဍာရေးအတွင်းဝန်ပြော

အိန္ဒိယ၏ စီးပွားရေး ၇ ရာခိုင်နှုန်းကျော် တိုးတက်နိုင်ဟု ဘဏ္ဍာရေးအတွင်းဝန်ပြော

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်  ခန့်မှန်းချက်များအတိုင်း ၇ မှ ၇ ဒသမ၅ ရာခိုင်နှုန်းသို့ တိုးတက်လာနိုင်ကြောင်း အစိုးရက တွက်ချက်ထားသည်။

နိုင်ငံ၏ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် စီးပွားရေး တိုးတက်မှုမှာ ၈ ဒသမ၇ ရာခိုင်နှုန်းရှိခဲ့သည်။

“လာမယ့် ဘဏ္ဍာနှစ်မှာ မျှော်မှန်းထားတဲ့အတိုင်း ၇ ဒသမ၄ ရာခိုင်နှုန်း တိုးတက်ဖို့ ရှိနေပါတယ်” ဟု ဘဏ္ဍာရေးအတွင်းဝန် တီဗွီဆိုမန်နာသန်က ဩဂုတ် ၃၁ တွင် ပြောကြားသည်။

ယခုဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် ၃ လအတွင်း စီးပွားရေး တိုးတက်မှု ၁၃ ဒသမ၅ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံ၏ ဂျီဒီပီ ကိန်းဂဏန်းများ ထုတ်ပြန်ပြီးနောက် ဘဏ္ဍာရေးအတွင်းဝန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုတိုးတက်မှုသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အိန္ဒိယ အရန်ငွေကြေးဘဏ် (RBI) ိက နှစ်ပတ်လည် ခန့်မှန်းချက်များနှင့် များစွာ နီးစပ်မှုရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

ဂျီဒီပီ တိုးတက်မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ၃ လအတွင်း ရူပီး သိန်းပေါင်း ၃၆ ဒသမ၈၅ ကုဋေအထိ တိုးတက်ခဲ့ရာ နှစ်စဉ် တိုးတက်မှုမှာ ၁၃ ဒသမ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပထမ ၃ လထက် ၃ ဒသမ၈ ရာခိုင်နှုန်း ပိုမိုခဲ့သည်။

စီးပွားရေးဆိုင်ရာအတွင်းဝန် အာဂျေးဆက်သ်က ဂျီဒီပီ နောက်ဆုံးအချက်အလက်များအား ထုတ်ပြန် ရာတွင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း စားသုံးသူများကို ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ၂၅ ဒသမ၇ ရာခိုင်နှုန်းနှင့် ၁၆ ဒသမ၈ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ပြောကြားခဲ့သည်။ 

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်အတွက် အစိုးရက ပံ့ပိုးမှုများ ဆက်လက်ပေးရာတွင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း ဘဏ္ဍာငွေ ရူပီး

သိန်းပေါင်း ၁ ဒသမ၇၅ ကုဋေ သုံးစွဲခဲ့ရာ ခန့်မှန်းဘတ်ဂျက်၏ ၂၃ ဒသမ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅၇ ရာခိုင်နှုန်း မြင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly