မြန်မာနိုင်ငံတွင် တရုတ်၏ လုပ်ဆောင်ချက်များအပေါ် အဆိုးမြင်မှု ပိုများလာ

မြန်မာနိုင်ငံတွင် တရုတ်၏ လုပ်ဆောင်ချက်များအပေါ် အဆိုးမြင်မှု ပိုများလာ

တရုတ်က မြန်မာစစ်တပ်အာဏာသိမ်းမှု၊ ပြည်သူများကို နှိပ်စက်မှုနှင့် ပတ်သက်၍ အကြိမ်ကြိမ် နှုတ်ဆိတ် နေခြင်းကြောင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍  တရုတ်၏ ဆောင်ရွက်နိုင်မှုအပေါ်  အထူးသဖြင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများက သံသယဖြစ်ပေါ်လျက်ရှိနေကြသည်။

နိုင်ငံတော်အာဏာကို အသုံးပြု၍ ကိုယ့်လူမျိုးကို ပိုမို ဖိနှိပ်ချုပ်ချယ်နေသည့် အချိန်တွင် မြန်မာနိုင်ငံတွင် တရုတ်နှင့် ယင်း၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အပျက်သဘော ပိုမိုရှုမြင်လာနေသည်။ 

မြန်မာနိုင်ငံအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အင်စတီကျူ့ (ISP) သည် တရုတ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ မြန်မာမူဝါဒအသိုင်းအဝိုင်းများ၏ သဘောထားအမြင်များကို တိုင်းတာရန်အတွက် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ကြောင်း Singapore Post သတင်းတွင် ဖော်ပြခဲ့သည်။  

မြန်မာ-တရုတ် ဆက်ဆံရေးအား လေ့လာသည့် စစ်တမ်းအပေါ် အာရုံစိုက်မှုသည် အကြောင်းရင်း ၂ ရပ်ကြောင့် အရေးကြီး လာသည်။

ပထမအကြောင်းရင်းမှာ မူဝါဒများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေသော မြန်မာလူမျိုးများက တရုတ်သည် နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတွင် အရေးပါသူဖြစ်ကြောင်း သို့မဟုတ် ယင်း၏ ကြီးမားသော မဟာဗျူဟာ ရည်မှန်းချက်များနှင့် ဒေသတွင်း စီးပွားရေး အကျိုးအမြတ်များအတွက် စစ်အာဏာရှင်နှင့် ပူးပေါင်းနိုင်ကြောင်း ယုံကြည်ကြသည်။ 

ဒုတိယအကြောင်းရင်းမှာ CMEC ကဲ့သို့သော တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံနှင့် စီမံကိန်းများ၏ အသုံးဝင်မှုနှင့် ထိရောက်မှုအပေါ် ၎င်းတို့၏ ခံယူချက်ကို တိုင်းတာရန်ဖြစ်သည်။ 

စစ်တမ်းအရ မြန်မာနိုင်ငံသားများကလည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် တရုတ်၏ စွမ်းဆောင်နိုင်မှုကို သံသယရှိနေကြသည်။
 စစ်တမ်းတွင် ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းကသာ တရုတ်က ယင်းကဲ့သို့လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ကြပြီး ၆၇ ရာခိုင်နှုန်းက မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို လက်မခံကြပေ။

 မြန်မာ ပြည်သူ ၇၉ ရာခိုင်နှုန်းက တရုတ်သည် မြန်မာအာဏာရှင်စနစ်ကို ထောက်ခံသည်ဟု ထင်မြင်ကြပြီး ၅၅ ရာခိုင်နှုန်းက တရုတ်က မြန်မာနိုင်ငံအား အာဏာရှင်နိုင်ငံဖြစ်လာအောင် ပံ့ပိုးပေးနေသည်ဟု ရှုမြင်ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးကို တရုတ်က လိုလားကြောင်း   ၁၅ ရာခိုင်နှုန်းကသာ ယုံကြည်ကြသည်။

ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းခန့်က တရုတ်ကို အိမ်နီးချင်းကောင်းအဖြစ် မမြင်ကြကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly