တရုတ်နှင့် ရုရှားကို တန်ပြန်မည့် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် ဂျပန် စီစဉ်နေ

တရုတ်နှင့် ရုရှားကို တန်ပြန်မည့် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် ဂျပန် စီစဉ်နေ

တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် စစ်ရေးတိုးချဲ့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလွန်ဝေး ကွာလွန်းသည့် နေရာရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်ရေးအတွက် ဂျပန်က ခရုဇ်ဒုံးကျည်နှင့် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်အမြောက်အမြား ထုတ်လုပ်မည်ဖြစ်ကြောင်း သြဂုတ် ၃၁ရက်တွင် ပြောကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုတွင် ဖော်ပြသထားသည့် ဝယ်ယူရေးအစီအစဉ်သည် ဂျပန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားသော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏  ဆယ်စုနှစ်များ စွာကြာ ကန့်သတ်ချက်မှ ရှင်းရှင်းလင်းလင်း ခွဲထွက်သွားခြင်းဖြစ်ပြီး ဥပဒေအရကီလိုမီတာရာဂဏန်းထိသာ ပစ်ခတ်နိုင်သော ဒုံးကျည်များကိုသာ ပိုင်ဆိုင်ခွင့်ပြုထားသည်။ 

"တရုတ်က လက်ရှိအနေအထားကို အင်အားသုံး တစ်ဖက်သတ်ပြောင်းလဲရန် ဆက်လက်ခြိမ်းခြောက်နေပြီး ရုရှားနှင့် မဟာမိတ်ဖွဲ့မှု ပိုမိုနက်ရှိုင်းလာနေပါသည်" ဟု ဝန်ကြီးဌာနက ယင်း၏ဘတ်ဂျက်တောင်းခံမှုတွင် ဖော်ပြ ခဲ့သည်။

“တရုတ်က စစ်ရေးလေ့ကျင့်ခြင်းဖြင့် ထိုင်ဝမ်ကို ပိုမိုဖိအားပေးနေပြီး ထိုင်ဝမ်ကို တရုတ်နှင့် ပေါင်းစည်းရန် စစ်အင်အား အသုံးပြုမှုကို စွန့်လွှတ်မည် မဟုတ်ကြောင်း” ယင်းက ဆိုသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်ကို လာရောက်လည်ပတ်ပြီးနောက် အင်အားပြ သည့်အနေဖြင့် ဂျပန်မှ ကီလိုမီတာ ၁၆၀ (မိုင် ၁၀ဝ) ခန့်သာကွာဝေးသည့် ရေပြင်သို့ ပဲ့ထိန်းဒုံးကျည်၅ စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရုတ်၏ ဒေသတွင်း ရည်မှန်းချက်များနှင့် ပတ်သက်ပြီး အထိတ်တလန့်ဖြစ်ခဲ့ရသည်။ 

မြောက်ကိုရီးယားသည်လည်း ဂျပန်ကို ခြိမ်းခြောက်သည့် နိုင်ငံအဖြစ် ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

ဝန်ကြီးဌာနသည် အသံထက်မြန်သော ဒုံးကျည်ထိပ်ဖူးများ အပါအဝင် အခြားသော ဒုံးကျည်များ တီထွင်ရန် အတွက်လည်း ဘတ်ဂျက်ရရှိရန် လု်ပဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly