တရုတ်ဆေးလိပ်လုပ်ငန်းတိုးချဲ့လာမှုက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်ဆေးလိပ်လုပ်ငန်းတိုးချဲ့လာမှုက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံ၏ ဆေးလိပ်ထုတ်လုပ်သည့်လုပ်ငန်းတိုးချဲ့လာခြင်းသည် ပြည်သူ့ကျန်းမာရေးအပေါ် မကြုံစဖူး ကြီးမားသောအတိုင်းအတာဖြင့် အန္တရာယ်ဖြစ်စေနိုင်သော သက်ရောက်မှုများ ရှိလာသည်။

တရုတ်အစိုးရနှင့် ဆေးလိပ်လုပ်ငန်းစုများသည် ကမ္ဘာကို လက်ဝါးကြီးအုပ်ရန်ရည်ရွယ်၍ ဆေးလိပ်လုပ်ငန်းကို တိုးချဲ့ရန်ကြိုးစားနေကြရာတွင်  တရုတ်ဆေးလိပ်ကော်ပိုရေးရှင်း (CNTC)သည် အဓိကပါဝင်နေကြောင်း အမေရိကန်အခြေစိုက် Financial Postကဖော်ပြသည်။

CNTCသည် ၂၀၁၈ ခုနှစ်မှစ၍ စီးကရက်ရောင်းချ သောက်သုံးသည့်ဈေးကွက်၏ ၄၄ ရာခိုင်နှုန်းကို ရယူထားကာ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားပြီး ကုမ္ပဏီအား နိုင်ငံရေးအရရော ငွေကြေးအရပါ အားကောင်း လာစေသည်။

CNTC သည် ကမ္ဘာ့ဆေးလိပ်လောကကို လက်ဝါးကြီးအုပ်ရန် ရည်ရွယ်ထားပြီး နိုင်ငံငယ်များ၏ စီးပွားရေးကို လွှမ်းမိုးလာသည်။ ထို့နောက် တရုတ်သည် နိုင်ငံရေး-စီးပွားရေးအင်အား ကြီးမားလာကာ ထိုနိုင်ငံငယ်များသည် အနာဂတ်တွင် တရုတ်ကြွေးမြီထောင်ချောက်သံခင်းတမံခင်း၏ သားကောင်အဖြစ် ကျရောက်သွားနိုင်သည်။

ကမ္ဘာတွင် ဆေးလိပ်သောက်သူ ၃ ဦးတွင် ၁ ဦးသည် တရုတ်နိုင်ငံမှဖြစ်သည်။ ဆေးလိပ်သောက်ခြင်းမှာ တရုတ်လူမျိုးများ၏ သမိုင်းဝင်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အရွယ်ရောက်သူအမျိုးသားများ၏ ၅၂ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ကြပြီး ၎င်းအနက် ၃ ပုံ ၂ ပုံမှာ အသက် ၂၀ မတိုင်မီကပင် ဆေးလိပ်ကို စတင်သောက်ခဲ့ကြ သည်။

၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားခြင်း အစီရင်ခံစာအရ CNTCသည် နှစ်စဉ် စီးကရက်ပေါင်း ၂ ဒသမ ၄ ထရီလံထုတ်လုပ်ပြီး ကမ္ဘာ့စီးကရက်ထုတ်လုပ်မှု၏ ၄၃ ရာခိုင်နှုန်းရှိသည်။

ကုလသမဂ္ဂ၏ ကုန်သွယ်မှုအစီရင်ခံစာအရ CNTC သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ ဆေးလိပ် ထုတ်ကုန်များပို့ဆောင်ပေးလျက်ရှိသည်။ ရိုမေးနီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တောင်အမေရိကတို့တွင်လည်း ဆေးလိပ်ထုတ်စက်ရုံများ တည်ထောင်ထားသည်။ ဆေးလိပ်အတွက်ကုန်ကြမ်းကို ဇင်ဘာဘွေနှင့် ဘရာဇီးနိုင်ငံတို့မှ ရရှိသည်။

အစီရင်ခံစာများအရ တရုတ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို စတင်မိတ်ဆက်ချိန်တွင် CNTCက ကမ္ဘာကိုလွှမ်းမိုးနိုင်ရေး တရုတ်၏အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်သွားမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။

ဆေးလိပ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၈ သန်းထက်မနည်းသေဆုံးလျက်ရှိပြီး ၎င်းအနက် ၇ သန်းမှာ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သုံးသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly