အိန္ဒိယရွာသားများက တားဆီးဟန့်တားခံရပြီးနောက် အိန္ဒိယနှင့် တရုတ် ပြောဆိုဆွေးနွေးခဲ့ရ

အိန္ဒိယရွာသားများက တားဆီးဟန့်တားခံရပြီးနောက် အိန္ဒိယနှင့် တရုတ် ပြောဆိုဆွေးနွေးခဲ့ရ

အိန္ဒိယနှင့် တရုတ်အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် သြဂုတ် ၂၁ ရက်နှင့် ၂၂ရက်က နယ်စပ်မြို့ လာဒက်အနီး ဒမ်ချော့ရွာတွင် ယခင်ကပင် အသုံးပြုခဲ့သည့် စားကျက်ကွင်းသို့ နွားကျောင်းသွားသည့် အိန္ဒိယရွာသားများအား တရုတ်စစ်သားများက  တားမြစ်ဟန့်တားခဲ့ပြီး နောက် အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ် (PLA) တို့ ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် အိန္ဒိယစစ်တပ်မှ တပ်မှူးများသည် အဆိုပါပြဿနာကို ဖြေရှင်းရန် တရုတ် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 
 
အခင်းဖြစ်ပွားချိန်အတွင်း ထိတ်တိုက်ရင်ဆိုင်ခြင်း သို့မဟုတ် ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း အိန္ဒိယဘက်မှ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနေရာသည် နှစ်နိုင်ငံတပ်များ ထိတွေ့ခဲ့သည့် အစစ်အမှန် ထိန်းချုပ်မျဉ်းပေါ်ရှိ ပွတ်တိုက်မှု အမှတ်များနှင့် နီးကပ်နေပြီး   ပြဿနာမပြေမလည်ဖြစ်နေသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီ ဖြစ်သည်။ 

 အိန္ဒိယက လာဒတ်ဒေသတွင် ယင်း၏ စစ်တပ်တည်ရှိမှုနှင့် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်ထားပြီး ရက်ဟန့်နှင့် ဘလစ်ခါ့ဂ်ဒေသများတွင် စစ်ရေးလေ့ကျင့်မှုများကို အဆက်မပြတ်ပြုလုပ်နေပြီး အဆိုပါဒေသတွင် ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာနော့ပန်ဒီနှင့် ကြည်းတပ်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဒီဗီဒီတို့ အပါအဝင် ထိပ်တန်း တပ်မတော် အကြီးအကဲများသည် တရုတ်တပ်များ၏ ဖြစ်နိုင်ချေရှိသော ခြိမ်းခြောက်မှု သို့မဟုတ် အရဲကိုးမှုများ ကို ကိုင်တွယ်ဖြေရှင်းရန် ကိုယ်ပိုင်ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်ရန်အတွက် အဆိုပါဒေသသို့ မကြာခဏ သွားရောက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly