အိန္ဒိယ၏ စီးပွားရေး တစ်နှစ်အတွင်း အမြန်ဆုံးတိုးတက်လာ

အိန္ဒိယ၏ စီးပွားရေး တစ်နှစ်အတွင်း အမြန်ဆုံးတိုးတက်လာ

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် လယ်ယာကဏ္ဍ၊ ဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးနှင့် ပုဂ္ဂလိက ဝယ်ယူမှုများတွင် မြင့်တက်လာခြင်းကြောင့် တစ်နှစ်အတွင်း အလျင်မြန်ဆုံး တိုးတက်လာခဲ့သည်။

ကိုဗစ်-၁၉ ထိန်းချုပ်မှုများနှင့် တွေ့ဆုံ လုပ်ကိုင်မှုများ ပြန်လည်ဖြစ်ပေါ်လာခြင်းကြောင့် စီးပွားရေး တိုးတက်မှုကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် စာရင်းအင်းရုံး (NSO) မှ  ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီသည် ယခုဘဏ္ဍာနှစ်၏ ဧပြီ-ဇွန်ကာလတွင် ရှေ့ ၃ လထက် ၁၃ ဒသမ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ယမန်နှစ် အလားတူကာလထက် ၄ ဒသမ ၁ ရာခိုင်နှုန်းပိုမြင့်ခဲ့သော်လည်း စံချိန်တင်ကာလဖြစ်ခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၃ လ၏ ၂၀ ဒသမ ၁ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့သည်။ ယခုတိုးတက်လာသည့်  ၁၃ ဒသမ၅ ရာခိုင်နှုန်းသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ၃ လအတွက် အိန္ဒိယအရန်ငွေကြေးဘဏ်၏ ခန့်မှန်းချက် ၁၆ ဒသမ၂ ရာခိုင်နှုန်းအောက်တွင်ရှိခဲ့သည်။ 

အစိုးရက အခြေခံအဆောက်အဦကဏ္ဍတွင် ဘဏ္ဍာငွေ ထည့်သွင်းသုံးစွဲမှုကြောင့် ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှု များ ဆက်လက်တိုးတက်ခဲ့ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

ယင်းကဲ့သို့ တိုးတက်မှုများတွင် ဇွန်လအတွင်း လယ်ယာကဏ္ဍ၌ ၄ ဒသမ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍများ၌ ၁၇ ဒသမ၆ရာခိုင်နှုန်းနှင့် သီးခြားဝယ်ယူသုံးစွဲမှုတွင် ၂၅ ဒသမ၉ ရာခိုင်နှုန်းအသီးသီးရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required