ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ် ကြောင်း ၄၈၄ ရက်မြောက် ချီတက်ဆန္ဒပြ 

ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ် ကြောင်း ၄၈၄ ရက်မြောက် ချီတက်ဆန္ဒပြ 

မဇ္ဈိမ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် မိုးရွာသွန်းနေသည့်ကြားမှ   ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။

သပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator” စာသားပါ ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်ကို ချီတက်သပိတ်မှောက်ခဲ့ကြသည်။ 

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၈၄ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။ 

စာတည်း။    ။မောင်ကောင်း 
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
#ဆက်လက်ချီတက်ဆန္ဒပြ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required