အများပိုင်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး 

အများပိုင်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး 

တရုတ်ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု တိုးမြှင့်ရေးလုပ်ဆောင်ရာတွင် အမေရိကန်နှင့် တရုတ်တို့သည် “တရုတ် နှင့် ဟောင်ကောင်တွင် ရုံးစိုက်မှတ်ပုံတင်ထားသော အများပိုင်စာရင်းကိုင်လုပ်ငန်းများကို စုံစမ်း စစ်ဆေးနိုင်ရေးသဘောတူညီချက်တစ်ရပ်ကို သြဂုတ် ၂၆ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် တရုတ်ကုမ္ပဏီများကို အမေရိကန် စတော့ဈေးကွက်မှ ထုတ်ပယ်ပြီးနောက် ယခုလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်တွင် ရွေးချယ်ရန်၊ စစ်ဆေးရန်၊ စုံစမ်းရန်နှင့် PCAOB အတွက် ပြီးပြည့်စုံသောဝင်ရောက်ခွင့် ပထမ ခြေလှမ်းအဖြစ် တရုတ်အာဏာပိုင်များနှင့် အများပိုင်ကုမ္ပဏီစာရင်းအင်းများကြီးကြပ်ရေးဘုတ်အဖွဲ့(PCOB) က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

PCAOB သည် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်နှင့် အများပြည်သူအကျိုးစီးပွားကို ကာကွယ်ရန် သတင်းအချက်အလက်ဆိုင်ရာ၊ တိကျပြီး အမှီအခိုကင်းသော စာရင်းစစ်အစီရင်ခံစာများ ပြင်ဆင်မှုတွင် အများ ပိုင်ကုမ္ပဏီများ၏ စာရင်းစစ်များကို ကြီးကြပ်ရန် ကွန်ဂရက်မှ တည်ထောင်ထားသော အကျိုးအမြတ်မယူသော ကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။

PCAOB ဥက္ကဋ္ဌ အိုင်းရစ်ကာ ဝီလျံက သဘောတူညီချက်သည် ပထမခြေလှမ်းမျှသာဖြစ်ပြီး ဒီဇင်ဘာလ ဆုံးဖြတ် ချက်မချမီ PCAOB သည် ယင်းကို စမ်းသပ်ရမည်ဟု ပြောကြားခဲ့သည်။

" "စက်တင်ဘာလလယ်မှာ ကွင်းဆင်းစစ်ဆေးဖို့ ပြင်ဆင်မှုတွေကို အပြီးသတ်ဖို့ PCAOB စစ်ဆေးရေးအဖွဲ့ကို ဒီနေ့ ကျွန်တော် ညွှန်ကြားထားတာကြောင့် ဒီသဘောတူညီချက်ကို စမ်းသပ်နိုင်မှာပါ" ဟု ဝီလျံက ပြောကြားခဲ့သည်။ 

PCAOB သည် တရုတ်ငွေချေးသက်သေခံလက်မှတ်စည်းကမ်းထိန်းသိမ်းရေးကော်မရှင်၊ တရုတ်ဘဏ္ဍာ ရေး ဝန်ကြီးဌာနတို့နှင့် လက်မှတ်ရေးထိုးပြီးနောက် ဝီလျံက ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

PCAOB သည် တရုတ်အာဏာပိုင်များနှင့် မတိုင်ပင်ဘဲ၊ ထည့်သွင်းခြင်းမပြုဘဲ အလားအလာရှိသော ချိုးဖာက် မှုများကို စစ်ဆေးခြင်း၊ စုံစမ်းခြင်း၊ ကုမ္ပဏီများကို ရွေးချယ်ခြင်းနှင့် စာရင်းစစ်ရန် တစ်ဦးတည်းဆုံးဖြတ် ပိုင်ခွင့်ရှိ သည်။

PCAOB သည် လူတွေ့စစ်ဆေးခြင်းကို တိုက်ရိုက်ပြုလုပ်နိုင်ပြီး PCAOB မှ စစ်ဆေးခြင်း သို့မဟုတ် စုံစမ်း စစ်ဆေးခြင်းများနှင့် ဆက်စပ်သော ဝန်ထမ်းအားလုံးထံမှ သက်သေခံချက်ရယူနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required