ကမ္ဘော ဒီးယားအမျိုးသမီးများ တရုတ်သို့ လူကုန်ကူးခံနေရပြီး သတို့သမီးအဖြစ် ရောင်းစားခံရ

ကမ္ဘော ဒီးယားအမျိုးသမီးများ တရုတ်သို့ လူကုန်ကူးခံနေရပြီး သတို့သမီးအဖြစ် ရောင်းစားခံရ

တရုတ်တွင် အမျိုးသမီးများ အခွင့်အရေးမညီမျှမှုနှင့် ရုန်းကန်နေရချိန်တွင် ကမ္ဘောဒီးယားအမျိုးသမီးများကို လစားကောင်းကောင်း ရမည်ဟု ဆွဲဆောင်ခံရကာ တရုတ်သို့ လူကုန်ကူးပြီး သတို့သမီးအဖြစ် ရောင်းစားခံနေရသည်။ 

မကြာသေးမီက တရုတ်သို့ လူကုန်ကူးခံရပြီး ဒေသခံအမျိုးသားတစ်ဦးနှင့် ဖိအားပေးလက်ထပ်ခိုင်းသည့် ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းသည် ကမ္ဘာ့အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည်။

အတင်းအကျပ်ဖိနှိပ်သည့် 'တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒ' ကြောင့် ကျားမမညီမျှမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့ပြီး ရလဒ်အနေဖြင့် အမျိုးသမီးများသည် လစာကောင်းကောင်းရမည်ဟု ဆွဲဆောင်ခံရကာ သတို့သမီးများအဖြစ် ရောင်းစားခံနေရသည်။

၁၉၈၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒသည် ၂၀၁၆ခုနှစ်အထိ တည်ရှိခဲ့ပြီး အာဏာရကွန်မြူနစ်ပါတီက အိမ်ထောင်သည်တစ်ဦးလျှင် ကလေး ၂ ဦးနှင့် နောက်ပိုင်းတွင် ကလေး ၃ ဦးကို ခွင့်ပြုပေးခဲ့သော်လည်း လုံလောက်သော ပြောင်းလဲမှုမဟုတ်ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

အမျိုးသား၊အမျိုးသမီး အချိုးမညီမျှမှု ကွာဟချက်ကြီးမားမှုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများကို လူကုန်ကူးမှု တိုးလာ စေခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုများ သိသိသာသာ မြင့်တက်လာခဲ့သည့် ၂၀၂၀ပြည့်နှစ် နှောင်းပိုင်းတွင် တရုတ်သို့ ကမ္ဘောဒီးယား သတို့သမီးများ လူကုန်ကူးမှု သိသိသာသာမြင့်တက်လာခဲ့သည်။

ကမ္ဘောဒီးယားအမျိုးသမီးများနှင့် မိန်းကလေးများသည် ဗီယက်နမ်မှ တစ်ဆင့် တရုတ်သို့ လူကုန်ကူးခံခဲ့ရပြီး ဗီယက်နမ်သည် တရုတ်သို့သွားရောက်မည့် အမျိုးသမီးများအတွက် တစ်ထောက်နားရာ နိုင်ငံဖြစ်လာခဲ့သည်။

တရုတ်မှ ပြန်လည်ရောက်ရှိလာသော ကမ္ဘောဒီးယားအမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု၊ ချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ အတွေ့အကြုံများကို ဖော်ပြလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly