"တစ်နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ" ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် ဆန္ဒပြ

"တစ်နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ" ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်က "တနှစ်ပြည့်မှသည် ရှေ့သို့ချီ  LGBT သွေးရဲရဲနီ" စာသားကိုင်ဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

“လိင်စိတ်ခံယူမှုကွဲပြားပေမယ့် အာဏာရှင်တော်လှန်တဲ့နေရာမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တော်လှန်နေဆဲဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ ယောကျ်ား၊ မိန်းမ၊ LGBTမခွဲခြားဘဲ စည်းလုံးညီညွတ်စွာ ပါဝင်မှသာလျှင် အမြန်ဆုံးအောင်မြင်မည်ဖြစ်ပါတယ်” ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေး ချီတက်ဆန္ဒပြကြသည့် ယင်းသပိတ်စစ်ကြောင်းသို့ LGBT Alliance Myanmar အဖွဲ့ဝင်များလည်း လာရောက်ဝန်းရံပူးပေါင်းခဲ့ကြောင်း သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း 
#ချင်းတွင်းမြစ်
#ချီတက်ဆန္ဒပြ

Photos - AungKhantZaw
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly