တရုတ်အိမ်ဝယ်သူများက အာဏာပိုင်များကို ဆန့်ကျင်ပြီးနောက် ဘဏ္ဍာရေးစနစ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာ 

တရုတ်အိမ်ဝယ်သူများက အာဏာပိုင်များကို ဆန့်ကျင်ပြီးနောက် ဘဏ္ဍာရေးစနစ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာ 

တရုတ်အိမ်ခြံမြေဈေးကွက်အလွန်ဆုတ်ယုတ်ကျဆင်းလာမှုကြောင့် အိမ်ဝယ်သူများကို ဆွဲဆောင်ရန် အထိနာ နေသည့် အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူများ၏ လုပ်ဆောင်ချက်များက  တရုတ်ဘဏ္ဍာရေးစနစ်တွင် အက် ကြောင်း အသစ်များ ထွက်ပေါ်လာခဲ့သဖြင့် တရုတ်အစိုးရနှင့် အခြားနိုင်ငံများတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာစေသည်။

ငွေပေးချေပြီးသော တိုက်ခန်းများအပြီးသတ်ရေးအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေကြသော ထောင်နှင့် ချီသော အိမ်ဝယ်သူများသည် ဇူလိုင်လတွင် ပိုက်ဆံမပေးသွင်းရေးဆန္ဒပြမှုများစု အင်နှင့် အားနှင့် ပြုလုပ်ခဲ့ သဖြင့် စိုးရိမ်ထိတ်လန့်လာသဖြင့် ယင်းအကြောင်း အွန်လိုင်းဆွေးနွေးမှုကို ဖိနှိပ်ရန် အာဏာပိုင်များက ကြိုးပမ်း လာခဲ့သည်။ 
 
ဖြစ်ရပ်နှစ်ခုစလုံးသည် အရင်းအနှီးပြတ်လပ်မှုနှင့် တရုတ်အိမ်ခြံမြေဈေးကွက်တွင် ဆိုးရွားသောပြဿနာများနှင့် နိုင်ငံအတွက် ပိုမိုနက်နဲသောပြဿနာများ ဖြစ်လာနိုင်ကြောင်းကို ညွှန်ပြနေသည်။

တရုတ်အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံစီးပွားရေး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။

အထိနာနေသည့် အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူများသည် ပေးသွင်းရမည့် ဝင်များကို ပြည်သူများက ပေးသွင်းရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက တွန်းအားတစ်ခုမှာ ဆိုးရွားစွာ ကျဆင်းသွားသည်။ 

Nikkei Asia အတွက် Bank of China International USA ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အန်ဒရူး ကော်လီရာက အိမ်ခြံမြေကဏ္ဍမရှိပါက တရုတ်စီးပွားရေးသည် ဆက်လက်၍ အခြေအနေ မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်းနှင့် ဉာဏ်ရည်တုကဲ့သို့သော တိုးတက်မှုအခွင့်အလမ်းသစ်များကို ရယူရန် တရုတ်က အလုပ်များနေသော်လည်း အဆိုပါလုပ်ငန်းများသည် အမြတ်အစွန်းရရှိရန် နှစ်ပေါင်းများစွာ အချိန် ယူရ သောကြောင့် အိမ်ခြံမြေလုပ်ငန်းကို အစားထိုးမရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် အိမ်ခြံမြေဈေးကွက်တွင် အိမ်ထောင်စုကြွယ်ဝမှု ၇၀ ရာခိုင်နှုန်းကို ချိတ်ဆက်ထားခြင်းကြောင့်  ဆက် လက်ကျဆင်းမှုသည် စားသုံးသူလက်ကျန်စာရင်းများကို ဖိစီးစေလိမ့်မည်ဖြစ်ကြောင်း အန်ဒရူး ကော်လီရာက မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required