တရုတ်အစိုးရက နိုင်ငံခြားကုမ္ပဏီများအား ပိုမို ဖိအားပေးနေ

တရုတ်အစိုးရက နိုင်ငံခြားကုမ္ပဏီများအား ပိုမို ဖိအားပေးနေ

တရုတ်က နိုင်ငံရေးလုပ်ငန်းစဉ်နှင့်အညီ လုပ်ဆောင်ရန် ပြည်တွင်းဈေးကွက်များတွင် စီးပွားရေးလုပ်ကိုင် နေသည့် နိုင်ငံခြားကုမ္ပဏီများအား ပိုမိုဖိအားပေးနေပြီး ထိရှလွယ်သည့်ကိစ္စများအတွက် အန္တရာယ်စည်းမျဉ်းများ ကချဲ့ထွင်နေကြောင်း ရိုက်တာသတင်းဌာနက တွေ့ရှိခဲ့ရသည့် ဂျာမန်လေ့လာမှုတစ်ခုက ဖော်ပြထားသည်။

တရုတ်လေ့လာမှုဆိုင်ရာ ဘာလင်အခြေစိုက် Mericsပညာရှင်အဖွဲ့နှင့် BDI စက်မှုလုပ်ငန်းအသင်းက ကုမ္ပဏီ ပေါင်း ၁၀ဝ ကျော်ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ ကုမ္ပဏီများအပေါ် ကနဦးဖိအားပေးသည့် အတိုင်း အတာ သည် ကျဆင်းသွားကြောင်းဖော်ပြခဲ့သော်လည်း ၂၀၁၈ခုနှစ်ထက် ဖိနှိပ်မှု အရေအတွက် သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရသည်။

"တရုတ်က ဘယ်အချိန်နဲ့ ဘယ်လိုဖိအားပေးတယ်ဆိုတဲ့ ပုံစံကို ဖော်ပြဖို့ပါပဲ" ဟု ပူးတွဲစာရေးဆရာ မက်ဇန် လိန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်များအပြင် ကိုဗစ်-၁၉ ပေါ်ပေါက်လာမှုဆိုင်ရာ အစီရင်ခံ စာများ၊ တယ်လီကွန်းပစ္စည်းများထုတ်လုပ်သည့် Huawei ကဲ့သို့သော တရုတ်ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူမှုများ သို့မဟုတ် တရုတ်ဆန့်ကျင်ရေးပါတီများအဖြစ် သတ်မှတ်ထားသော ပါတီများကို ပံ့ပိုးကူညီမှုများကို ယခုအခါ အန္တရယ်မျဉ်းသစ်များအဖြစ် ရှုမြင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ဂျာမန်ကားထုတ်လုပ်သူ Daimler သည် ဒလိုင်းလားမား၏ ပြောကြားချက်ကို ကိုးကား ကြော်ငြာခဲ့သဖြင့် ၂၀၁၈ခုနှစ်တွင် တရုတ်အစိုးရကို ကြိမ်ဖန်များစွာ တောင်းပန်ခဲ့ရသည်။

ဝူဟန်တွင် ၂၀၁၉ခုနှစ်ကုန်ပိုင်းတွင် စတင်တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ဝူဟန်မြို့ရှိ အထူးဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာသေည်ဟူသော  စွပ်စွဲချက်များကို တရုတ်က စဉ်ဆက်မပြတ် ငြင်းဆိုထားသည်။ 

ရှင်ကျန်းဒေသရှိ ဝီဂါလူနည်းစုအပေါ် တရုတ်၏ ဆက်ဆံမှုအပေါ် အနောက်နိုင်ငံများ၏ ဝေဖန်မှုကို တုံ့ပြန်သည့် အနေဖြင့် အနောက်နိုင်ငံများမှ အထည်အလိပ်ကုမ္ပဏီများကို လူမှုမီဒီယာတွင် ပစ်မှတ်ထားကာ အထူးသဖြင့် နိုင်ငံခြားလူသုံးကုန်ပစ္စည်းကုမ္ပဏီများကို တရုတ်တွင် သပိတ်မှောက်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly