အင်္ဂပူမြို့အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

အင်္ဂပူမြို့အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ဩဂုတ် ၂၉

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့အထွက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်း(Red Falcon PDF)အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ် ရာရရှိသူ ရှိ၊မရှိ အတိအကျမသိရသေးကြောင်း Red Falcon PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ဖောက်ခွဲတဲ့အချိန်မှာ စစ်ကောင်စီတပ်သား အရပ်ဝတ်နဲ့တစ်ယောက်၊ ယူနီဖောင်းနဲ့တစ်ယောက်ကတော့ ထွက်ပြေးသွားကြတယ်၊ ထိခိုက်တဲ့သူ ရှိ၊မရှိကတော့ စိစစ်နေတုန်းပါ"ဟု

၎င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်နှင့် ရဲများထပ်မံရောက်ရှိလာပြီး အင်္ဂပူမြို့ အဝင်အထွက်လမ်း များပေါ်၌ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၁၀ ဦးခန့်က အင်္ဂပူမြို့ အဝင်အထွက်လမ်းများပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဆိုယ်ကယ်များအား စစ်ဆေးမှုများ ထပ်မံပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အင်္ဂပူမြို့

#ပေါက်ကွဲမှု

#စစ်ဆေးရေးဂိတ်

#RedFalconPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required