၂၀၂၂ ခုနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအမြတ်ငွေ ၁ ရာခိုင်နှုန်းကျော် ကျဆင်း

၂၀၂၂ ခုနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအမြတ်ငွေ ၁ ရာခိုင်နှုန်းကျော် ကျဆင်း

တရုတ်သည် ကိုဗစ်-၁၉ အဟန့်အတားများနှင့် အိမ်ခြံမြေကဏ္ဍတွင် ဆုံးရှုံးမှုများကြောင့် ယခုနှစ် ပထမ ၇ လအတွင်းတွင် စက်မှုလုပ်ငန်းကုမ္ပဏီများ၏ အကျိုးအမြတ်မှာ ကျဆင်းခဲ့သည်။

ဇန်နဝါရီလမှ ဇူလိုင်လအထိ အကျိုးအမြတ်သည် ယမန်နှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံ့စာရင်းအင်းဗျူရိုကက ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်လီရောင်းချမှု၊ စက်မှုလုပ်ငန်းထုတ်လုပ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ၌ စီးပွားရေးခန့်မှန်းချက်များ မလုပ်ဆောင်နိုင်ဘဲ  တရုတ်၏စီးပွားရေးကျဆင်းမှုသည် ဇူလိုင်လတွင် ပိုမိုဆိုးရွားလာသည်။

ကျဆင်းနေသော ကိန်းဂဏန်းများကို မြင်တွေ့ရပြီးနောက် မူဝါဒချမှတ်သူများသည် တစ်နှစ်စာချေးငွေနှင့် တစ်ပတ်စာချေးငွေနှုန်းများကို လျှော့ချသော စီမံချက်များအပါအဝင် အခြေခံအဆောက်အအုံအသုံးစရိတ်အပေါ် အဓိကထားကာ ယွမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံ) ထောက်ပံ့ခြင်းဖြင့် တိုးတက်မှုနှုန်း မြှင့်တင်ရန် လုပ်ဆောင်ခဲ့သည်။

စီးပွားရေးပညာရှင်များသည် ထပ်တလဲလဲချမှတ်နေသော ကိုဗစ်ဆိုင်ရာအသွားအလာပိတ်ဆို့မှုများနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုတို့ကြောင့် ဖြစ်သော ဆုံးရှုံးနစ်နာမှုများကို တုံ့ပြန်နိုင်ဖွယ်မရှိသောကြောင့် စီမံချက်များချမှတ်ရာတွင် အားတက်သရောမရှိခဲ့ပေ။

တရုတ်၏ စီးပွားရေးသည် အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ၅ ဒဿမ ၅ ရာခိုင်နှုန်းထိမရောက်ရှိဘဲ ၄ ရာခိုင်နှုန်းအောက်သာ ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြသည်ဟု Bloombergစစ်တမ်း၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required