အမေရိကန်က ပို့ကုန်ထိန်းချုပ် စာရင်းတွင် တရုတ်နှင့် ဆက်နွှယ်နေသည့် အဖွဲ့အစည်း ၇ ခုကို ထည့်သွင်း

အမေရိကန်က ပို့ကုန်ထိန်းချုပ် စာရင်းတွင် တရုတ်နှင့် ဆက်နွှယ်နေသည့် အဖွဲ့အစည်း ၇ ခုကို ထည့်သွင်း

အမေရိကန်က အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်မှုများကို ကိုးကား၍ ပို့ကုန်ထိန်းချုပ် စာရင်းတွင် တရုတ်နှင့် ဆက်နွှယ်နေသည့် အများအားဖြင့် လေကြောင်းနှင့်ဆိုင်သည့်အဖွဲ့အစည်း ၇ ခုကို ထည့်သွင်းလိုက်ကြောင်း သြဂုတ် ၂၃ ရက်က အွန်လိုင်းမှ ထုတ်ပြန်သည့် သတိပေးချက်တစ်ခုတွင် ဖော်ပြထားသည်။

Federal Register ဂျာနယ်တွင် ဖော်ပြထားသော အကြောင်းကြားစာအရ၊ ယင်းအဖွဲ့အစည်းများသို့ ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများပေးသွင်းသည့် အမေရိကန်ကုမ္ပဏီများသည် မည်သည့်ကုန်ပစ္စည်းကိုမျှ မပို့ဆောင်မီ လိုင်စင်တစ်ခု လိုအပ်မည်ဖြစ်ပါသည်။

စာရင်းတွင် ထည့်သွင်းထားသည့် အဖွဲ့အစည်း ၇ ခုမှာ တရုတ်အာကာသသိပ္ပံနှင့် သုတေသနကော်ပိုရေးရှင်း ၉၊ အကယ်ဒမီ ၇၇၁ သုတေသနဌာန၊ တရုတ်အာကာသသိပ္ပံနှင့် သုတေသနကော်ပိုရေးရှင်း ၉၊ အကယ်ဒီမီ ၇၇၂၊ အာကာသနည်းပညာတရုတ်အကယ်ဒမီ ၅၀၂ သုတေသနဌာန၊    အာကာသနည်းပညာတရုတ်အကယ်ဒမီ ၅၁၃ သုတေသနဌာန၊ တရုတ်အီလက်ထရောနစ်နည်းပညာအုပ်စု ကော်ပိုရေးရှင်း ၄၃ သုတေသနဌာန၊ တရုတ်အီလက်ထရောနစ်နည်းပညာအုပ်စု ကော်ပိုရေးရှင်း ၅၈ သုတေသနဌာန၊  ကျို့ဟိုင်ပတ်လမ်း ထိန်းချုပ်စနစ် တို့ ဖြစ်သည်။ 

တရုတ်စစ်ဘက်ခေတ်မီရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် အမေရိကန်ထုတ်ပစ္စည်းများကို ရယူရန် ကြိုးပမ်း ခြင်း အတွက် ယင်းအဖွဲ့အစည်းများကို ထည့်သွင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနမှ ပြောကြားခဲ့သည်။

ထိုင်ဝမ် ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် တရုတ်က သြဂုတ်လအစောပိုင်းတွင်  အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်အနီးတွင် စစ်ကစားမှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly