တရုတ်နှင့် ဆက်ဆံရေးတွင် အလွန်ခက်ခဲသောအဆင့်ကို ဖြတ်သန်းနေရကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား

တရုတ်နှင့် ဆက်ဆံရေးတွင် အလွန်ခက်ခဲသောအဆင့်ကို ဖြတ်သန်းနေရကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား

တရုတ်က နယ်စပ်ရေးရာ သဘောတူညီချက်ကို လျစ်လျူရှုထားရာ နှစ်နိုင်ငံကြားဆက်ဆံရေးသည် အလွန်ခက်ခဲသောအဆင့်ကို ဖြတ်သန်းနေရသဖြင့် ဂယ်လ်ဝမ်တောင်ကြားအကျပ်အတည်းက ပြဿနာဖြစ်မည့် အရိပ်အယောင်များ ရှိနေဆဲဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဂျိုင်ရှန်ကာက ဘရာဇီးနိုင်ငံ၊ဆော်ပိုလိုမြို့သို့ ရောက်ရှိစဉ် အိန္ဒိယနွယ်ဖွားများက ကြိုဆိုဧည့်ခံကျင်းပသည့် အခမ်းအနား၌ ပြောကြားလိုက်သည်။

၎င်း၏ ၃နိုင်ငံခရီးစဉ်အတွင်း  ဂျိုင်းရှန်ကာသည်  ပါရာဂွေးနှင့်အာဂျင်တီးနားသို့လည်း သွားရောက်မည်ဖြစ်သည်။

"နယ်စပ်ဒေသမှာ စစ်တပ်တွေပို့တာကို တားမြစ်တာနဲ့ ပတ်သက်လို့ ၁၉၉၀ပြည့်လွန်နှစ်တွေတုန်းက တရုတ်နဲ့ သဘောတူညီချက်တွေရှိခဲ့ပါတယ်။ အဲဒါကိုသူတို့ကဂရုမစိုက်ပါဘူး။ ဂယ်လ်ဝမ်တောင်ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားသိလား။ ဒီပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်းသေးခင် ပြဿနာဖြစ်မယ့် အရိပ်အယောင်တောင် ထပ်ပေါ်လာနေပါတယ်။“

အိန္ဒိယနှင့်တရုတ်အကြားရှိလက်ရှိ နယ်စပ်အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင်ဂျိုင်းရှန်ကာက ဆက်ဆံရေးသည် တစ်လမ်းသွားလမ်းမဖြစ်နိုင်ကြောင်းနှင့်ယင်းကိုရေရှည်တည်တံ့စေရန် အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

"သူတို့က ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေပါ။ လူတိုင်းက ကိုယ့်အိမ်နီးချင်းနဲ့ ပေါင်းသင်းချင်ကြပါတယ်။ ကိုယ်ရေးကိုယ်တာဘဝမှာ ဖြစ်ဖြစ် တိုင်းပြည်ပဲဖြစ်ဖြစ် ပေါင်းသင်းချင်ကြပါတယ်။ ဒါပေမဲ့လူတိုင်းက သင့်လျော်တဲ့ စည်းကမ်းနဲ့ပေါင်းသင်းချင်ကြတာပါ။ ခင်ဗျားကျွန်တော့်ကိုလေးစားရပါမယ်”

"ဒါကြောင့်ကျွန်တော်တို့ရဲ့အမြင်အရတော့ဆက်ဆံရေးကိုတည်ဆောက်ရမှာဖြစ်ပြီးအပြန်အလှန်လေးစားမှုရှိရပါမယ် ဆိုတာကတော့သိသာမြင်သာပါတယ်။"

 ဖင်းဂါးဧရိယာ၊ဂယ်လ်ဝမ်တောင်ကြား၊ရေပူစမ်းနှင့် ကွန်ဂရမ်နာလအပါအဝင် နယ်မြေအများအပြားတွင် တရုတ်စစ်တပ်၏ ကျူးကျော်မှုများနှင့်ပတ်သက်၍အိန္ဒိယနှင့် တရုတ်တို့သည်၂၀၂၀ပြည့်နှစ်ဧပြီလမှမေလတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ 

၂၀၂၀ပြည့်နှစ်ဇွန်လတွင်ဂယ်လ်ဝမ်တောင်ကြားတွင်တရုတ်တပ်များနှင့်ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားပြီးနောက် အခြေအနေမှာပိုမိုဆိုးရွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly