တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက သတင်းထုတ်ပြန်ထားသလောက် အကျိုးအမြတ်မရှိ ဟု အစီရင်စာတစ်စောင် ဖော်ပြ

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက သတင်းထုတ်ပြန်ထားသလောက် အကျိုးအမြတ်မရှိ ဟု အစီရင်စာတစ်စောင် ဖော်ပြ

ပြည်ပနိုင်ငံများရှိ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများတွင် ထည့်ဝင်ထားသော တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် သတင်းလွှင့်ထားသလောက် အကျိုးအမြတ်မရှိဘဲ ကုန်ကျစရိတ်ကို ကာမိစေမည့် ဝင်ငွေသာ အနည်း အပါး ရရှိကြောင်း စတော့ဟုမ်းအခြေစိုက် အကျိုးအမြတ်မယူသော ဘက်မလိုက်သော သုတေသနနှင့် မူဝါဒအဖွဲ့ အစည်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

နိုင်ငံတကာ လုံခြုံရေးနှင့် ပထဝီဝင်နိုင်ငံရေး လေ့လာဆန်းစစ်သူနှင့်မဟာဗျူဟာအစီရင်စာ ရေးသားသူ အာဆန်ဂါ အာဘေးယာဂွန်နာဆဲကာရာက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း အကျိုးခံစားမည့်သူ အများအပြားသည် ၎င်းတို့၏ အရင်းအမြစ်များကို အကြွေးအဖြစ် လွှဲပြောင်းရန် အတင်းအကြပ် ဖိအားပေးခဲ့ကြရသည်ဟု ဆိုသည်။

တရုတ်က  အဓိကမြီရှင်အဖြစ် ရေရှည်မတည်တံ့သော ချေးငွေများနှင့် ခါးပတ်လမ်းရပ်ဝန်းလုပ်ဆောင်သော တခြားနိုင်ငံများစွာအတွက် သီရိလင်္ကာသည် အချိန်ကိုက် သတိပေးချက်ဖြစ်ကြောင်း အာဘေးယာဂွန်နာဆဲ ကာရာက ပြောသည်။ 
 

“တရုတ်ဟာ သီရိလင်္ကာမှာ ဖြစ်ရိုးဖြစ်စဉ်ကြွေးမြီထောင်ချောက်နဲ့ ဗျူဟာမြောက်ကြွေးမြီထောင်ချောက်ဆိုပြီး ထောင်ချောက် ၂ ခုကို ထိထိရောက်ရောက် လုပ်ဆောင်ထားတယ်ဆိုတာ ၂၀၂၁ ခုနှစ်က သီရိလင်္ကာမှာလုပ်တဲ့ ကွင်းဆင်းသုတေသနက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူများ၏ အမျက်ဒေါသကြောင့် ပြည်ပသို့ထွက်ပြေးသွားခဲ့သည့် သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် ဗျူဟာမြောက်ကြွေးမြီထောင်ကျောက်ထဲ ကျရောက်ခဲ့ကြောင်းနှင့် တခြား တောင်အာရှ နိုင်ငံများစွာကလည်း တရုတ်၏ မူဝါဒများကို ထောက်ခံကာ ချေးငွေအမြောက်အမြားချေးယူလျက် အလားတူ အဖြစ်ဆိုးနောက်သို့ လိုက်လျက်ရှိသည်ဟု သုတေသီ အာဘေးယာဂွန်နာဆဲကာရာက ပြောသည်။

ကမ္ဘာ့ဘဏ် (WB)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အမေရိကန်တို့က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တရားဝင်မြီရှင်ဖြစ်နေသည်။ 

အမေရိကန်သုတေသနဌာနတစ်ခုဖြစ်သည့် AidData က တရုတ်နိုင်ငံ၏ နှစ်စဉ် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဘဏ္ဍာရေးကတိကဝတ်များသည် အမေရိကန်နှင့် အခြားအင်အားကြီးနိုင်ငံများထက် ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ ကျော်လွန်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု သိရကြောင်း လန်ဒန်အခြေစိုက် အတိုင်ပင်ခံ ဂျိမ်းခရစ်တန်က ပြောသည်။
 တရုတ်သည် ဝင်ငွေနည်းသောနိုင်ငံများကို ချေးငွေများဖြင့် ဝန်ပိစေပြီး အကြွေးမဆပ်နိုင်ချိန်တွင် ဗျူဟာမြောက် လိုက်လျောပေးမှုများလုပ်ရန် အတင်းအကျပ် ဖိအားပေးနေကြောင်းနှင့် သီရိလင်္ကာနိုင်ငံ ထိတ်လန့်စရာ အတွေ့အကြုံ အပြီး ထိုသို့သောနိုင်ငံအရေအတွက်မှာ ပိုမိုများပြားလာကြောင်း ဝေဖန်သူများက ဆိုသည်။

သီရိလင်္ကာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ၂၀၀၀ - ၂၀၁၇ ခုနှစ်အတွင်း တရုတ်ကြွေးမြီသည် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံမှ ၅ ထရီလီယံအထိ ၁၀ ဆတိုးလာကြောင်း အာဘေးယာဂွန်နာဆဲကာရာက ထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required